thumbnail

♪ Samsung Galaxy Note 4 တွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာနိုင်မည့် sensor ပါဝင်ဖွယ်ရှိ ♫


Download


အသစ်ထွက်ရှိမည့် Samsung Galaxy Note phablet တွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာနိုင်မည့် sensor တစ်ခု ပါဝင်ဖွယ်ရှိကြောင်း SamMobile က ဖော်ပြခဲ့သည်။

ထို့ကြောင့် Galaxy Note 4 သည် အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည် အဆင့်များကို တိုင်းတာ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တွဲဖက်ပါဝင်သည့် app သည် ခရမ်းလွန်ရောင်ခြည် အဆင့်များကို “low” မှ “extreme” အထိ ဖော်ပြပေးနိုင်ပြီး အကြံပြုချက်များကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် တိုင်းတာရာတွင် ဖုန်းတွင်ပါဝင်သည့် sensor ကို ၆၀ ဒီဂရီ စောင်းကာ ဖုန်း၏ ကျောဘက်ကို နေဘက်သို့ လှည့်ထားခြင်းဖြင့် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

Samsung သည် နှစ်စဉ် ကျင်းပလျက်ရှိသည့် IFA ကွန်ဖရင့်စ်တွင် Unpacked ပွဲများကို ကျင်းပလေ့ရှိသည်။ ယခုနှစ် IFA ကွန်ဖရင့်စ်ကို စက်တင်ဘာလ ၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်သောကြောင့် Galaxy Note 4 ကို အဆိုပါကာလတွင် တွေ့မြင်ရဖွယ်ရှိသည်။

Ref: CNET
Internet Journal



thumbnail

လျှပ်စစ်ဝါယာလျှော့ကြောင့် သိမ်တော်မီးလောင်


Download
ဂျူလိုင် ၁၀ ရက် ၂၀၁၄သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း လျှပ်စစ်မီး ဝါယာလျှော့ဖြစ်ရာမှ သိမ်တော် မီးလောင်ပြာ ကျကာ ရှေးဟောင်းဆင်းတုတော် နှင့် တကွ အခြားဆုံးရှုံးမှုများ
ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၁၄ ဂျူလိုင် ၉ ရက် ၆ နာရီအချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ နမ့်ဟူးကျောင်းတော် သိမ်တော်မီးလောင်မှုဖြစ်ပွားခဲ့၏။ မီးလောင်စဉ်သိမ်တော်အတွင်း ကျိန်းစက်သည့် ဦးပဉ္စင်းက ဆွမ်းခံထွက်နေချိန်ဖြစ်နေကြောင်း၊ ဆွမ်းခံပြန်မရောက်မီ သိမ်တော်မီးလောင်သွား ခြင်းဖြစ် ကြောင်း၊ ဝါယာကြိုးအဆက် မိုးရေထိမိမှုကြောင့် ဝါယာလျှော့ဖြစ်ကာ မီးလောင်ခြင်း ဖြစ် ကြောင်း နမ့်ဟူးကျောင်းတော် ဘုရားဒါယိကာ တဦးကပြောသည်။



“အဲဒီ သိမ်တော်က ကျွန်းသစ်နဲ့ ဆောက်ထားတာ။ နှစ်ပေါင်း သုံးလေးဆယ်ရှိပြီ။ ရှေးဟောင်း သစ်သား ဘုရား၊ ကြေးဘုရား နဲ့ ရှေးဟောင်း ပေစာ ပုရပိုက်စာတွေ မီးထဲ အကုန်ပါသွားတယ်။ သိမ်တော် အ တွင်းရှိတဲ့ တခြားပစ္စည်းတွေတော့ ကာလတန်ဖိုး ကျပ် ၁၀ သိန်းလောက်ပေါ့” - ပြောသည်။
ယမန်နှစ် ၂၀၁၃ ဂျွန် ၁၂ ရက်နေ့ တွင်လည်း မိုင်းပန်မြို့ မွေတော်ရပ်ကွက် ၈ တွင်လည်း မီးလောင် မှုကြောင့် အိမ်ခြေ ၇ လုံး ဆုံးရှုံးခဲ့ပါသည်။

မိုင်းပန်မြို့သည် လင်းခေးခရိုင်အတွင်းတည်ရှိပြီး တောင်ကြီးမြို့ အရှေ့တောင်ဘက် ၁၄၀ မိုင်ကျော် ကွာဝေးသည်။ တော်လှန်ရေးတေးသီချင်းတွင်နာမည်ကျော် တေးရေး တေးဆို ကျောင်းဆရာ စိုင်းမူး ဖွားမြင်ရာမြို့ဖြစ်သည့်အပြင် သျှမ်းစာဆိုတော် စဝ်ကောလီ နေထိုင်သည့် မြို့လည်းဖြစ်သည်။
သျှမ်းသံတော်ဆင့် ရွှေမြန်မာဆိုဒ်မှာ ပြန်လည်မျှဝေလိုက်တာပါ။