thumbnail

လေပြေညုင်းရဲ့ ပန်းကဗျာ


Download

ဒီနေ့ လွမ်းဆုလေးရဲ့ မူပိုင် လေပြေညုင်းရဲ့ ပန်းကဗျာ စာအုပ်လေးထွက်ရှိလာပါပြီ

ဒီနေ့ စာရေဆရာမ ဆုလေးနွယ်(ခ) လွမ်းဆုလေး ရဲ့ (၀တ္ထုရှည်) အစ / အဆုံး (Ebook)

လေပြေညုင်းရဲ့ ပန်းကဗျာ စာအုပ်လေးထွက်ရှိလာပါပြီ

လွမ်းဆု စာဖတ်ပရိပ်သတ် များအားလုံးကိုလေး စားလျှက်ပါ အားပေးအတွက်လဲ
အရမ်းကိုကျေးဇူးတင်ပါတယ်။ 

 အောက်ကလင့်မှာသွားရောက်ဒေါင်းယူနိုင်ပါပြီ
စာရေးဆရာမ လွမ်းဆုလေး (ခ) ဆုလေးနွယ် ရေးထားတဲ့  လေပြေညုင်းရဲ့ ပန်းကဗျာ ၀တ္ထု ရှည် 
ဇတ်လမ်းလေးပါ။ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်တစ်ခါက နှလုံးသားသံစဉ်ဆိုတဲ့ 
စာအုပ်နဲ့ မှန်တစ်ချပ်ရဲ့ နောက်ကွယ်ဆိုတဲ့   အရင်နှစ်အုပ်တင်ပေးဖူးပါတယ်  သူငယ်ချင်းတော်တော် များများ က ကြိုက်ကြပါတယ်။
နှလုံးသားသံစဉ် စာအုပ်ကို မဖတ်ရသေးတဲ့ သူငယ်ချင်းများ ပထမပိုင်းကိုတော့ ဒီမှာ ၀င်ပြီးဒေါင်းယူဖတ်ရှူနိုင်ပါတယ်။


 ဇတ်သိမ်းပိုင်းကို တော့ ဒီနေရာလေးမှာ ၀င်ရောက်ဒေါင်းယူဖတ်နိုင် ပါတယ်မဖတ်ရသေးတဲ့ သူငယ်ချင်းတွေရော ဖတ်နိုင်အောင် လို့ ပြန်တင်ပေးလိုက်ပါတယ်။ ၀တ္ထု ဖတ်ဝါဒနာပါတဲ့ သူငယ်ချင်းတွေ စာအုပ်ကို ဒေါင်းပြီး ဖတ်နိုင်ပါပြီ။


မှန်တစ်ချပ်ရဲ့နောက်ကွယ်စာအုပ်လေးကိုတော့ အောက်ကလင့်မှာသွားရောက်ဒေါင်းယူနိုင်ပါပြီ။




ကြိုးစားလျက် (လွမ်းဆုလေး)
Admin  lwan saung(1)
thumbnail

အချစ်လို့ ခေါ်သလား ...


Download

ဒီနေ့ ကောင်လေး ကောင်မလေးကို ရင်ဖွင့်ဖို့ ကြိုတင်တွေးထားမိသည်။ ကောင်မလေးကို ဖွင့်ပြောဖို့ တွေးနေခဲ့တာ ကြာပါပြီ။ ကောင်မလေးစိတ်ဆိုးမှာ ကြောက်လို့ မပြောရဲခဲ့တာပါ။ ခုတော့ အခွင့်ရေးရတုန်းပြောမှ ဖြစ်မည်။

ကောင်လေး ။ ။ ကောင်မလေး ဘာလုပ်နေလဲ ။

ကောင်မလေး ။ ။ ဘာမှ မလုပ်ပါဘူး။

ကောင်လေး ။ ။ ဒါဆို စကားနည်းနည်းပြောလို့ရမလား ။

ကောင်မလေး ။ ။ ပြောလေ... ဒါပေမယ့် အကန့်သတ်တစ်ခုထိပဲနော်..။

ကောင်လေး ။ ။ ကောင်မလေးကို ချစ်တယ်လို့ ပြောမလို့ပါ ။

ကောင်မလေး ။ ။ မဖြစ်နိုင်လိုက်တာ .. ။

ကောင်လေး ။ ။ တကယ်ပါ။ စတွေ့ထဲက ကောင်မလေးက ချစ်စရာကောင်းမှန်း သတိထားမိတယ်... ကောင်မလေး မသိအောင် ခိုးကြည့်နေမိတာ အချိန်တိုင်းပါပဲ ။

ကောင်မလေး ။ ။ ဟုတ်လား... ။

ကောင်လေး ။ ။ ကောင်မလေးမှာ ရည်းစားရှိလား ။

ကောင်မလေး ။ ။ မရှိပါဘူး။

ကောင်လေး ။ ။ ဒါဆို ကောင်လေးကို ချစ်လေ။ တစ်သက်လုံးအတွက်ပေါ့။ သစ္စာရှိရှိလက်တွဲကြမယ်။

ကောင်မလေး ။ ။ မစဉ်းစားသေးဘူး။ ဘ၀အရေးက ပိုအရေးကြီးတယ်။

ကောင်လေး ။ ။ မယုံလို့လား ။

ကောင်မလေး။ ။ စိတ်မ၀င်စားဘူးလေ။

ကောင်လေး ။ ။ အချိန်နဲ့ သက်သေပြမယ်။

ထိုစကားကြောင့် ကောင်မလေး ပြုံးလေသည်။ ပြီးတော့ ထိုင်ရာမှ ထသွားကာ အိမ်ပေါ်သို့ တက်သွားသည်။ ကောင်လေးမှာသာ နေမထိ ထိုင်မသာနှင့် ကျန်ရစ်ခဲ့သည်။

ဒီလိုနှင့် ကောင်လေးတစ်ယောက် ကောင်မလေးဆီ နေ့တိုင်းလာသည်။ ကောင်မလေးကတော့ သာမန်ထက်ပိုမပြောခဲ့။ တစ်နေ့ပြီးတစ်နေ့ ကုန်ခဲ့သည်။ ဆယ်ရက်လောက် အကြာ တွင် ကောင်မလေး တစ်ယောက် အပေါ်ထပ်တွင် online သုံးနေချိန်တွင် ကောင်လေး ရောက် ခဲ့သည်။ ကောင်မလေး အနားတွင် ထိုင်ကာ ကြည့်နေသည်။ ထိုအချိန်မှာပင် ကောင်မလေး ချစ်သူဆီမှ မက်ဆေ့လေးများကို ကောင်လေး ဖတ်လိုက်ရသည်။ ကောင်လေး စိတ်မကောင်း သလို ကောင်းမွန်စွာ မေးသည်။

ကောင်လေး ။ ။ ကောင်မလေးမှာ ရည်းစားမရှိဘူးဆို။

ကောင်မလေး ။ ။ ဟုတ်တယ်လေ။

ကောင်လေး ။ ။ မလိမ်ပါနဲ့။ ခု စကားပြောနေတာ ကောင်မလေး ရည်းစားမဟုတ်လား။

ကောင်မလေး ။ ။ မှားနေပြီ။ အဲတာရည်းစားမဟုတ်ဘူး။ ချစ်သူလို့ခေါ်တယ်။

ကောင်လေး ။ ။ ဘာ .. တူတူပဲ မဟုတ်လား ။

ကောင်မလေး ။ ။ မတူဘူး.. ။ ရည်းစားဆိုတာ ကြိုက်သလိုထားလို့ရတယ်။ ချစ်သူဆိုတာ တစ်သက်လုံးအတွက် တစ်ယောက်ထဲပဲ...။

ကောင်လေး ။ ။ ငါမေးတုန်းက ဘာလို့ မင်း မရှိဘူး ပြောခဲ့တာလဲ ။

ကောင်မလေး ။ ။ နင်မေးတာ ရည်းစားရှိလားလို့ပဲ မေးတာနော်။ ချစ်သူရှိလားလို့ မမေးဘူး။

ကောင်လေး။ ။ တူတူပဲကွာ.. မင်းဘာလို့ ညာခဲ့တာလဲ။

ကောင်မလေး ။ ။ ညာခဲ့တာ ငါမဟုတ်ဘူး။ နင်ကိုယ်တိုင်ပဲ ။ ငါ့မှာ ချစ်သူရှိလားမေးရင် ငါဖြေခဲ့မှာပေါ့ ။ငါ့မှာ ရည်းစားမှ မရှိပဲ။ ရည်စားဆိုတာ အပျော်ထားတာကိုခေါ်တာ.. နားလည်ပြီလား ။

ကောင်လေးတစ်ယောက် ကောင်မလေး ပြောတာကို နားထောင်ပြီးပြန်သွားသည်။ တစ်ပတ်ထိ ပေါ်မလာတော့။ တစ်နေ့တော့ ကောင်မလေးဆီ လာခဲ့သည်။ ကောင်မလေးက အလုပ်များနေတာ့ မမြင်။ ကောင်မလေးတွင် အေး နှင့် ခိုင် ဆိုသော သူငယ်ချင်းနှစ်ယောက် ရှိသည်။ ကောင်လေး က အေး ကို ရင်ဖွင့်သွားသည်။

ကောင်လေး ။ ။ သူက ငါ့ကိုလိမ်ခဲ့တယ်။

အေး။ ။ တကယ်ချစ်ရင် ကြိုးစားလေ။

ကောင်လေး ။ ။ မလိုတော့ပါဘူး။ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဘယ်သူမှ မရှိဘူးလေ။

အေး။ ။ အဲတာ မင်းတကယ်မချစ်လို့ပေါ့။

ကောင်လေး ။ ။ တွဲတာ ကြာရင် ချစ်သွားမှာပဲလေ။

အေး ။ ။ နင်တော်တော် အကျင့်မကောင်းတဲ့လူပဲ။ သူများသားသမီး ကိုမချစ်ပဲနဲ့ အဲလို လုပ်စရာလား။

ကောင်လေး ။ ။ ငါ့ကို ဟို ကောင်မလေးနားက ခိုင် ဆိုတဲ့ တစ်ယောက်ကို ပြောပေးပါလား။

အေး ။ ။ ငါတို့သုံးယောက်လုံး တစ်ယောက်အကြောင်းတစ်ယောက် သိနေတာ ဘယ်လို ပြောရမှာလဲ။

ကောင်လေး ။ ။ ကောင်မလေးကို သွားမပြောနဲ့နော်။ သူငယ်ချင်းလိုပဲနေတော့မယ်။

အေး ။ ။ သြော်... ငါ မပြောလဲ သူသိမှာပဲလေ။ နင်တကယ်မချစ်လို့ သူ့အချစ်ပြန်မရတာပေါ့။

ကောင်လေး ။ ။ ပိုင်ရှင်ရှိတဲ့သူတွေကို မပြောချင်ဘူး။

အေး ။ ။ နင်ပြောပြီးပြီ။

ကောင်လေး ။ ။ မသိလို့လေ...ခိုင် ကို ပြောပေးနော်.. ငါ ကြိုက်တယ်လို့။

အေး ။ ။ နင်သွားပြောလေ။

အေး က အဲလောက်ပဲပြောပြီး တိုက်ပေါ်တက်သွားသည်။ နောက်တစ်နေ့ မှာတော့ ကောင်မလေးကို အဲသတင်း ရောက်သွားသည်။ ကောင်မလေးက

ကောင်မလေး။ ။ သူတကယ်မချစ်မှန်း ငါအစောထဲကသိတယ်။

ကောင်မလေး သူငယ်ချင်းများ။ ။ ဒါဆို နင်ဘာလို့ ဘာမှ မပြောတာလဲ။

ကောင်မလေး ။ ။ သူအသိတရားရအောင်လို့။

ကောင်မလေး သူငယ်ချင်းများ။ ။ နင်သူ့ကို တကယ်မချစ်ဘူးပေါ့။

ကောင်မလေး။ ။ ငါ့မှာချစ်သူရှိတယ်လေ။

ကောင်မလေးက ထိုမျှပြောကာ အပြင်ကို ထွက်သွားလေသည်။ ကောင်လေး ကတော့ ကောင်မလေးရဲ့ သူငယ်ချင်းဘက် မြှားဦးလှည့်လေသည်။ ကောင်မလေး သူငယ်ချင်းဖြစ်တဲ့ ခိုင်ကလဲ ပညာပေးဖို့စောင့်နေသည်။

ခိုင် ။ ။တွေ့ကြသေးတာပေါ့။ အချစ်ကို တန်ဖိုး မထားတဲ့လူ။ နွားဖြစ်အောင်ကိုကြိုး ချည်ထားအုံးမယ်။ ငါတို့ကို လွယ်တဲ့မိန်းကလေးများ မှတ်နေလား ။

အဲလိုကြိမ်းထားတာကိုမသိတဲ့ ကောင်လေးကတော့ ကောင်မလေး သူငယ်ချင်းကို ချဉ်းကပ်ဖို့ စကားလမ်းတွေ ခင်းနေလေရဲ့။ ကောင်မလေး သူငယ်ချင်းတွေကလဲ ပညာပေးဖို့ အသင့်စောင့်နေကြတော့ ကြည့်လို့ကောင်းမဲ့ ပွဲတစ်ခုဖြစ်မှာတော့ အမှန်ပင်။ ကောင်မလေး ကတော့ .....

''အချစ်ဆိုတာ တွဲတာကြာရင် ချစ်သွားတာ ''

ဆိုသော စကားလုံးကိုပြန်ကြားယောင်ရင်း တွဲတာ ကြာမှ ချစ်တာကို

''အချစ်လို့ ခေါ်တာလား'' လို့ တွေးနေမိသည်။

ကြိုးစားပါအုံးမည်။


လွမ်းဆုလေး


thumbnail

နှုတ်ဆက်မျက်ရည် ...


Download

ကျွန်တော့်နာမည်က မိုးရေစက်ပါ။ ကျွန်တော့် ချစ်သူနာမည်က လှလွန်းသူ။ နာမည်လှသလို ရွာမှာလဲ ကွမ်းတောင်ကိုင် တစ်ယောက်ပါ။ လှလွန်းရဲ့မိဘတွေက ငွေဂုဏ်ဓန မောက်မာကြသည်။ ဒါပေမယ့် ကျွန်တော့်ချစ်သူ လှလွန်းကတော့ ဖြူစင်လွန်းသူပါ။
 
" လှလွန်း "

" ရှင် "

" ကို့ ကို ချစ်လား "

" ချစ်တာပေါ့ "

" တကယ်လို့ လှလွန်း မိဘတွေက သဘောမတူဘူးဆိုရင် လှလွန်း ကို့ လက်ကိုဆွဲပြီး လိုက်ရဲလား "

" လိုက်ရဲတာပေါ့၊ ကို နဲ့ သာဆို ဘယ်နေရာမဆို လှလွန်း လိုက်ရဲတယ် "

" ၀မ်းသာလိုက်တာ လှလွန်းရယ် "

ကျွန်တော် အရမ်းပျော်လို့ လှလွန်းကို ရင်ခွင်ထဲ ဆွဲဖက်ထားမိသည်။ ကျွန်တော်ခေါ်ရာလိုက်မည် ဆိုတော့ ဘာများစိတ်ညစ်စရာ လိုသေးလို့လဲနော် .. ။
တစ်နေ့ ... ။
အဲနေ့က လှလွန်း အရေးတကြီး ကျွန်တော့်ဆီ ရောက်လာခဲ့သည်။ မျက်ဝန်းတွေက နီရဲနေတာမို့ ငိုထားမှန်း သိသာနေသည်။ ကျွန်တော် ရင်ထဲ ပူလောင်သွားကာ အပြေးကြိုမိသည်။

" ဘာဖြစ်ခဲ့တာလဲ.. ကို့ ကို ပြောလေ .. ဘာဖြစ်ခဲ့တာလဲ "

" ကို ... ကို ... ဖေဖေ နဲ့ မေမေ ... "

" ဘာဖြစ်လို့လဲ "

" လှလွန်းကို မြို့သားတစ်ယောက်နဲ့ ပေးစားမလို့ စီစဉ်နေပြီ၊ ကိုနဲ့ လှလွန်း ချစ်နေတာ သိသွားကြလို့ အမြန်စီစဉ်တာ "

"ဟာ... "

" ကို ဘယ်လို လုပ်မလဲ၊ လှလွန်း ကိုနဲ့ မခွဲနိုင်ဘူးနော် "

ကျွန်တော်ခေါင်းထဲ မူးနေအောင် အဖြေရှာလိုက်ကာ လှလွန်းကို သေချာကြည့်သည်။ ပြီးမှ

" လှလွန်း.. လာ ကိုနဲ့ လိုက်ခဲ့ "

" ဘယ်သွားမှာလဲ ဟင် "

"လှလွန်းကို ခိုးပြေးမလို့ "

" အင်း ... "

ကျွန်တော် အိမ်ထဲဝင်ကာ စုထားသော ငွေတစ်ချို့ကိုယူပြီး လှလွန်းနှင့် ရွာမှ ထွက်ခဲ့သည်။ ကျွန်တော် လှလွန်းကို အရမ်းချစ်သည်။ ဘယ်သူ့လက်ထဲမှ မပေးအပ်နိုင်ပါ။ ရွာနှင့်ဝေးသော နေရာ တစ်ခုတွင် ကျွန်တော်တို့နှစ်ယောက် ရုံးတစ်ခုမှာ လက်ထပ်လိုက်သည်။ တရားဝင် ဇနီးမောင်နှံ အဖြစ် ကျွန်တော်တို့ နေကြမည်လေ။ လှလွန်းက သူဌေး သမီးတစ်ယောက်မို့ လက်ဝါးလေးများ နုနယ်ကာ ဘာမှ မလုပ်တတ်ပေမယ့် ကျွန်တော့်ကိုတော့ အိမ်ရှင်မပီသစွာ ချက်ပြုတ်ကျွေးမွေးပါသည်။ မချက် တတ် ချက်တတ်နှင့် ချက်ကျွေးပေမယ့် ကျွန်တော့်အတွက်တော့ အရမ်းကောင်းတဲ့ ထမင်း ဟင်းတွေ ပေါ့နော်။ ဒီလိုနှင့် လှလွန်းမှာ ကျွန်တော်နဲ့ လှလွန်းရဲ့ ကိုယ်ပွားလေး တစ်ယောက် ရှိလာခဲ့ သည်။

ကိုယ်ဝန်နှင့် ဇနီးချောလေးကို ကျွန်တော် အမြဲချစ်မ၀စွာ စိတ်မချနိုင်ခဲ့ပါ။ တစ်နေ့ထက်တစ်နေ့ အလုပ်ပိုလုပ်ကာ ဘ၀ထဲ ၀င်လာမည့် သားသားမီးမီးလေးအတွက် ငွေစုထားမိသည်။
 
" ချစ်ဇနီးလေး .. ကို အလုပ်သွားမယ်နော် .. ဘာမှမလုပ်နဲ့နော် ..ဘာဆို ဘာမှ မလုပ်နဲ့ .. ကို ပြန်လာမှ လုပ်မယ် "

" အော် .. ကိုကလဲ စိတ်ချပါ၊ လှလွန်း မလုပ်ပါဘူး "

" အင်း .. စိတ်ဘယ်ချပါ့မလဲ .. ဒီနေ့ သွားပြီးရင် သွားစရာမလိုတော့ဘူး .. မနက်ဖြန်ကစပြီး မိန်းမ အနားမှာပဲ နေတော့မယ်နော် "
"ကောင်းပါပြီ "

သနပ်ခါးရေကျဲလေးနှင့် ဇနီးချောလေးကို တစ်ချက်နမ်းကာ ကျွန်တော် ထွက်လာခဲ့သည်။ စာရင်းငှား ၀င်လုပ်သည်မို့ ဒီနေ့ အားလုံး ပြီးအောင် လုပ်ရမည်။ အလုပ်ထဲတွင် အားသွန်ခွန်စိုက် လုပ်နေချိန် လက်ကို ဓားရှ မိလေသည်။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားကာ လှလွန်းကို သတိရသွားသည်။ ဘာဖြစ် တာလဲ ... ။ အလုပ်ကို အမြန်ဆုံး သိမ်းကာ အိမ်သို့ ပြေးပြန်ခဲ့သည်။ အိမ်တွင် တံခါးက ဖွင့်လျှက်.. ။

" လှလွန်း ... လှလွန်း "

" လှလွန်းရေ.... ဘယ်သွားနေတာလဲ ... လှလွန်း ... ကို ခေါ်နေတယ်လေ "

ကျွန်တော် အရူးတပိုင်းပမာ လိုက်ရှာနေပေမယ့် လှလွန်းရဲ့ အရိပ် အသံကို မကြားရပါ။ ကျွန်တော် ရင်တစ်ခုလုံး မီးတောင်ပမာ ဖြစ်နေပြီ။ ထို စဉ်

" ကိုမိုး .. နေ့လည်က ဒီကို ၀တ်ကောင်းစာလှတွေ ၀တ်ထားတဲ့ မိန်းမကြီးတစ်ယောက်နဲ့ လူတွေ လာတယ်။ ပြီးတော့ လှလွန်းကို အတင်းခေါ်သွားတာ တွေ့ရတယ် "

"ဟာ ... "

ကျွန်တော် စကားပင် ပြန်မပြောနိုင်ပါ။ အိမ်အပေါ်မှ ကျွန်တော် စုထားသော ငွေကို ယူကာ ရွာသို့ အပြေးတစ်ပိုင်း ပြန်ခဲ့သည်။ ရွာရောက်တော့ ည ဆယ်နာရီ။ ကျွန်တော် အိမ်သို့ တန်းပြန်လိုက်တော့ အဖေနှင့် အမေက မျက်နှာ မကောင်းစွာ လှမ်းကြည့်သည်။
" မေမေ ဖေဖေ လှလွန်း ရွာကို ရောက်လာလား "

" အင်း ... "

" ခု ဘယ်မှာလဲ "

" သား ... သားလေး .. လှလွန်း သမီးလေး သနားပါတယ် .. ကိုယ်ဝန် အရင့် အမာကြီးနဲ့ သူ့အမေ ရိုက်သမျှ ခံရရှာတယ် "

"ဗျာ ... "

" ဟုတ်တယ် .. လှလွန်းလေးကို ရိုက်နေတာ မကြားရက်အောင်ပဲ သားရယ် "

ကျွန်တော် မနေနိုင်တော့ပါ။ လှလွန်းက ဒီနေ့ မွေးမလား မနက်ဖြန်မွေးမလား မသိတဲ့ မိခင်လောင်း။ ပြီးတော့ ကျွန်တော့် ဇနီးလေ။ ကျွန်တော် ဒီတိုင်း ခံစားမနေနိုင်ပါ။ ဒါကြောင့်မို့လဲ လှလွန်း အိမ်သို့ ပြေးလာခဲ့သည်။ လှလွန်း အိမ်နားသို့ရောက်လျှင် လူတွေက ဟိုတစ်စု ဒီတစ်စုနှင့်မို့ ကျွန်တော် စိုးရိမ်သွားမိသည်။

" အန်တီ .. ဒီမှာ ဘာဖြစ်လို့လဲ ဟင် "

" စိတ်မကောင်းစရာပဲကွယ် .. လှလွန်းလေး မီးဖွားရင်း မီးတွင်းထဲမှာပဲ ဆုံးသွားရှာတယ်၊ သွေးလွန်သွားတာလဲ ပါတာပေါ့၊ ရိုက်နှက်တာလဲ ခံထားရတော့ အားမရှိတော့ဘူးနဲ့ တူရှာပါတယ် "

" ဗျာ ... "

ကျွန်တော် နေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေမိတာ အချိန် ဘယ်လောက် ကြာသွားသည်မသိ။ လှလွန်း အမေ ကို တွေ့မှ သတိပြန်ဝင်ခဲ့သည်။

" ရော့ ... ဒီမှာ လှလွန်း ပေးခိုင်းထားတဲ့ ကလေး ၊ နင့် ကြောင့် ငါ့ သမီး သေရတာ၊ နင့် မျက်နှာကို ငါ မတွေ့ချင်ဘူး ... "

" ဗျာ... "

" ကလေးက မိန်းကလေး ၊ နင့်ကို ပေးဖို့ မှာထားတာ .. အီး ဟီး ... ငါ့ သမီးလေး .. အဖြစ်ဆိုးလွန်းတယ် "

" သမီးက လှလွန်းနဲ့ တူလိုက်တာ။ လှလွန်းကို တွေ့ခွင့်ရှိလား ၊ ကျွန်တော် နောက်ဆုံးအနေ နဲ့ တွေ့ချင်လို့ပါ၊ တွေ့ခွင့်ပေးပါ မေမေရယ် "

ကျွန်တော့် အသံမဆုံးခင် လှလွန်း အမေ လှည့်ထွက်သွားတာမို့ ကျွန်တော့်ရဲ့ သမီးလေးကို ပွေ့ချီပြီး အိမ်ထဲ ၀င်ခဲ့မိတယ်။ ရင်ထဲမှာတော့ မွမွကြေနေခဲ့လေပြီ။
အိမ်ရဲ့ အလယ်မှာ ပိတ်စ အဖြူဖုံးထားသော အရာတစ်ခု။ ကျွန်တော် ထိုအဖြူရောင်အနားမှာ ထိုင်ချလိုက်သည်။ ပြီးလျှင် ပိတ်စကို အသာလှပ်ကာ ကြည့်မိသည်။ လောကကြီးမှာ ကျွန်တော်နှင့် သမီးလေးကို ထားကာ ထွက်သွားသော ကျွန်တော်ချစ်သော ဇနီးလေး။
ခုတော့ ...
ကျွန်တော့်ကို နှစ်သိမ့်အားပေးနေသည်က အသက်မဲ့နေသော မျက်နှာလေးထက်မှ မျက်ရည် တစ်စက်သာ ။

                                                                                                                  ကြိုးစားပါအုံးမည်။
                                                                                                                                    လွမ်းဆုလေး 
thumbnail

ဘ၀ခြားမှ ချစ်သူ ...


Download

တစ်ခုသော နေ့လည်ခင်းဝယ် စိုင်းနောင်တစ်ယောက် ခြံထဲတွင် အလှုပ်ရှုပ်နေစဉ် ပန်းရောင်ဝမ်းဆက်လေးနှင့် သိပ်လှသည့် မိန်းမလှလေးတစ်ယောက် သူ့နားသို့ တစ်လှမ်းချင်း စည်းချက်ညီစွာ လှမ်းလာသည်။

"ဟင်... သဲ .. လာလည်တာလား"

"အင်း ဟုတ်တယ်လေ .. "

"လာလေ တဲထဲဝင် အပြင်မှာနေပူတယ် ... "

"အင်း အမေရောဟင် "

"ဟိုဘက်ခြံသွားတယ် သဲ "

"အင်း နေကောင်းလား စိုင်း"

"ကောင်းပါတယ် သဲရော နေကောင်းလား "

"အင်း .. "

"လာ အထဲသွားမယ် .."

စိုင်းနောင် ပြောပြောဆိုဆို လက်ထဲမှ ပေါက်တူးကိုချကာ တဲထဲသို့ လာခဲ့သည်။သူက ရွာအပြင်ဘက်တွင် ယာခင်းလုပ်ထားပြီး ယာခင်းမှာပဲနေသည်။ သူ စိုက်ခင်းတွင် စိုက်ထားသော ပန်းပင်လေး များကို ပေါင်းသင် ရင်း မြေဆွနေစဉ် သူ အလုပ်ရာလုပ်ရာနေရာသို့ သဲအိချို လာခဲ့ခြင်းဖြစ်သည်။

သဲအိချိုဆိုတာ ရွာအလယ်ပိုင်းမှ သူဌေးသမီးလေးဖြစ်သည်။ မိဘများက တောရွာတွင် ချမ်းသာသော တောသူဌေးများ။ သူကတော့ သာမာန်တောသားပေါ့။ ဒါပေမယ့် သူနဲ့ သဲ ချစ်တာ သုံးနှစ်ရှိခဲ့ပြီ။ မိဘတွေပါ သိကြသည်။ ဘာမှတော့မထူးခြားသေး။ သဲ မိဘများက အဆင့်တန်းခွဲခြားသည် ဆိုပေမယ့် ခုထိငြိမ်နေဆဲမို့ စိုင်းနောင် ရင်တထိတ်ထိတ်တော့ ဖြစ်မိသည်။

" စိုင်း ငါ နင့်ကို သတိရလို့ လာကြည့်တာ "

"ငါ ဘာမှမဖြစ်ပါဘူးဟာ.. "

"အင်း .. နင် မထူးဆန်းနေဘူးလား "

"ဘာကိုလဲ "

"ငါ လာခဲ့တာကိုပေါ့ "

" ဟုတ်သားပဲ နင် ဘယ်တုန်းကမှ မလာဖူးဘူး "

" ငါ ခု နင့်ဆီ အပြီးလာခဲ့တာလေ "

"ဟာ.. "

"လန့်သွားတာလား ၊ ခစ် ခစ် စတာပါ နင်ကလဲ .."

" မသိဘူးလေ တကယ်ဆို ငါ ခေါင်းပါ ကြီးသွားလို့ "

" နင်က ငါလာမှာကို ကြောက်နေတာလား "

" မကြောက်ပါဘူးဟာ .. ငါ နင် နဲ့အတူနေချင်တာပေါ့ .. ငါ့နားမှာ အမြဲထားချင်တာပေါ့"

" နင်တကယ် ငါ့ကို မကြောက်ဘူးလား "

" ကြောက်စရာလား နင်က ငါ့ချစ်သူပဲဟာ "

" အင်း ဟုတ်ပါတယ်လေ "

" ဒါနဲ့ နင် ငါ့ဆီလာတာ နင့်မိဘတွေသိလား "

" ငါ့ကို သူတို့တားလို့မရတော့ဘူးလေ ဘယ်သူမှ တားမယ့်သူမရှိတော့ဘူး "

" ဟာ... နင့်ကို ဘယ်မှ ပေးမသွားတာ ငါ အသိဆုံးလေ၊ ဘာလို့တားလို့မရတော့တာလဲ "

သူ့မေးခွန်းကြောင့် သဲ မျက်နှာလေး နွမ်းလျသွားသည်ကိုတော့ သူမြင်ဖြစ်အောင် မြင်လိုက်သေးသည်။

" ငါ နားမထောင်လို့ပေါ့ နင်ကလဲ "

"အော် .... "

ထိုစဉ် အမေ ပြန်လာသည်မို့ သဲက ထပြီး နှုတ်ဆက်သည်။

"အမေ ပြန်လာပြီလား .."

"သြော် သမီးလေးရောက်နေတာလား ၊ နေကောင်းရဲ့လား သမီး "

"ဟုတ် ကောင်းပါတယ် .. စိုင်းကို သတိရလို့ လာကြည့်တာပါ၊ အမေ စိုင်းကို ဂရုစိုက်ပေးပါနော် "

" အေးပါကွယ် .. "

မေမေနှင့် သဲ စကားပြောနေတာကို သူကြည့်နေမိသည်။ သဲ မျက်နှာလေး မကောင်းတာကို သူ သတိပြုမိသည်။ သဲ ဘာဖြစ်ခဲ့လို့ပါလိမ့်။

"အမေ သမီးပြန်တော့မယ်နော်.. ညနေရောက်နေပြီ "

" အေးကွယ်.. သမီးပြန်ရမှာ ဝေးတယ်ကွဲ့ .. သား လိုက်ပို့လိုက်ပါကွယ် .. "

"ဟုတ်ကဲ့ မေမေ"

"ကောင်းကောင်းလဲ သွားကြနော် "

စိုင်းနောင် ခေါင်းတစ်ချက်ငြိမ့်ကာ သဲ ကို လိုက်ပို့သည်။ သူတို့နှစ်ယောက် စကားမပြောဖြစ်ပဲ လမ်းလျှောက်လာရင်း လမ်းတစ်ဝက်တွင် သဲက စကားစသည်။

" စိုင်း ... "

" အင်း "

" စိုင်း လိုက်မပို့နဲ့တော့ အိမ်ပြန်လိုက်တော့နော် "

" ဘယ်ဖြစ်မလဲ သဲကို စိတ်မချဘူး "

" စိတ်ချပါ၊ ငါ့ကို ဘယ်သူမှ ရန်မလုပ်ပါဘူး ၊ နင် ပဲ အိမ်ကိုပြန်ပါနော် "

" သဲ ထူးဆန်းနေတယ်နော်၊ အရင်လို မဟုတ်သလိုပဲ "

" မထူးဆန်းပါဘူး စိုင်းရယ်.. ၊ အမေတို့ ပြန်လာရင် တွေ့သွားမှာစိုးလို့ပါ။ ရွာလဲ ရောက်နေပြီပဲဟာ.. "

" အင်း ဒါဆိုလဲ ငါပြန်လိုက်မယ်လေ သဲ လမ်းမှာ ဂရုစိုက်နော် .. "

" အင်း ... စိုင်း .. ငါ့ကို ခွင့်လွှတ်ပါနော် "

" ဘာအတွက်လဲ သဲ ရဲ့ "

" ဘာမှ မဟုတ်ပါဘူး .. ငါ့ ကို သတိရပေးနော် အချိန်တိုင်းပေါ့ "

" သဲ နင် ဒီနေ့ ထူးထူးဆန်းဆန်းတွေ ဖြစ်နေတယ်နော် "

" ငါ လေ .... ငါ ..... "

သဲ စကားမဆုံးမီ ရွာနောက်မှ ခွေးအူသံ နက်နက်ကြီးက ကြောက်ခမန်းလိလိ ထွက်ပေါ်လာသည်။ သူ သဲလက်လေးတွေကို ဆုပ်ကိုင်လိုက် မိသည်။ အေးစက်နေပါလား ... ။

" သဲ နေမကောင်းဘူးလား ဟင်... လက်တွေလဲ အေးစက်နေတာပဲ "

" ငါ .... "

" ပြောလေ .. ဘာဖြစ်လို့လဲ "

" ဘာမှ မဟုတ်တော့ပါဘူးဟာ... နင် ကောင်းကောင်းပြန်နော် "

"အင်း "

" ငါ သွားတော့မယ် "

ပြောပြောဆိုဆိုပင် သဲ လှည့်ထွက်သွားသည်။ သူ သဲ နောက်ကျောကိုကြည့်ရင်း ကြက်သီးများ ဖြန်းဖြန်းထလာသည်။ ဘာကြောင့်မှန်းမသိ။ သဲ အရိပ်လေး ပျောက်သွားမှ သူလဲ ပြန်လာခဲ့သည်။ ခြံထဲ ရောက် သည်နှင့် ပေါက်တူး ကိုင်ကာ မြေဆက်ရှင်းလိုက်သည်။ သူ့စိတ်ထဲတွင်တော့ စိတ်တွေက လေးနေသည်။ တစ်စုံတစ်ခုဖြစ်သည်ဆိုတာ သိပေမယ့် ဘာဖြစ်မှန်းသူမသိ။

နေ့လည် ၃ နာရီ ... ။

သူ သစ်ခွပန်းပင်များအနား အနားယူနေစဉ် အပြင်မှ ပြေးဝင်လာသော ကလေးမလေးတစ်ယောက် .. ။ ဘယ်သူမှန်းတော့ သူမသိသေး။

"ကို စိုင်းနောင် ... ကိုစိုင်းနောင်... "

"ဟေ.. ငါ ဒီမှာ.. "

" အမြန်လာအုံး .. အီး ဟီး... "

ကလေးမလေး အသံကြောင့် သူထိုင်ရာမှ ထလာခဲ့သည်။

"ဟင် ... သဲနုထွေး"

" ကိုစိုင်း ..မမ မရှိတော့ဘူး ... မမ မရှိတော့ဘူး.. ဟင့် .. ဟင့် "

"ဘာဖြစ်လို့လဲ သဲနုရဲ့ ကိုစိုင်းကို ရှင်းအောင်ပြောလေ "

" မေမေတို့ကြောင့် မမ ခုလို လုပ်လိုက်တာ ... မေမေတို့ရက်စက်တယ် ...ဟင့် .. ဟင့် .. "

" သဲနု.. ကိုစိုင်းကို ရှင်းအောင်ပြော... ဘာဖြစ်တာလဲ ကိုစိုင်း ရင်ပူလှပြီ "

" အင်း ... "

သဲနုထွေး ပင့်သက်တစ်ချက် ရှိုက်ကာ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျနေ ရင်း ပြောပြသည်။

" တစ်နေ့ကပေါ့ မေမေက မမကို မြို့က လူတစ်ယောက်နဲ့ လက်ထပ်ပေးချင်တယ်.. အဲတာ မမက ငြင်းတယ်၊ သူ့မှာ ကိုစို်င်းရှိတယ်ဆိုပြီးတော့ အတင်းပဲ ငြင်းတယ်.. "

"အင်း "

" အဲတာ တစ်ပတ်နေပြီးမေးလဲ မမက ခေါင်းခါတယ်.. မမ က ကိုစိုင်းကလွဲပြီး ဘယ်သူကိုမှ မယူနိုင်ဘူးလို့ ပြောတယ်... အဲလိုပြောလို့ မမကို အခန်းထဲမှာ ထည့်ပြီး သော့ခတ်ထားခဲ့တယ်.. ငါးရက်ထိပေါ့ "

" ဟာ... "

" မမက ခေါင်းမာတယ်.. ကိုစိုင်းနဲ့မှ မဟုတ်ဘူးဆိုရင် ဘယ်သူကိုမှ မယူဘူးဆိုပြီး အဲတိုင်းပဲနေတယ် ဘာကျွေးကျွေး မစားဘူး ။ ဒီလိုပဲ အခန်းထဲမှာနေတယ် "

" သဲက အဲလို လုပ်ရတယ်လို့ကွာ ... "

" တစ်နေ့တော့ မမ ဖျားတယ်.. ဒါပေမယ့် ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘူး... ဘာကျွေးကျွေးမစားဘူး.. မေမေတို့ဆန္ဒကို သူမလိုက်လျောနိုင်ဘူးတဲ့.. အမေတို့ကလဲ လုံးဝကို အပြင်ပေးမထွက်ဘူးလေ .. သော့ခတ်ထားခဲ့တယ် .. "

".............. "

" မေမေတို့ကလဲ အလျော့မပေးဘူး အဲလိုပဲ မမကလဲ မလျော့ဘူး တင်းထားတယ်။ ကိုစိုင်းနဲ့ သဘောမတူလို့ မေမေတို့က တင်းနေသလိုပဲ မမကလဲ ကိုစိုင်းကလွဲပြီး ဘယ်သူမှ မယူနိုင်ဘူးဆိုပြီးတင်းတယ်... ကြာတော့ မမ အပြင်းဖျားတယ်.. ဒီတော့ သဲနုရယ် မမကြီး သဲစု ရယ် မမကို သော့ခတ်မထားဖို့ တောင်း ပန်ကြ တယ် မေမေ ဆီမှာ.. ကတိတွေလဲ အများကြီးပေါ့ .. ။ ဒါနဲ့ အမေတို့က အခန်းတံခါးတော့ မခတ်တော့ဘူး ။ ခြံတံခါးကို ခတ်သွားတယ် .. "

" အင်း ..... "

" တစ်ရက်က သဲနုစိတ်ထဲမှာ မမကို စိတ်မချသလိုကြီးဖြစ်နေ လို့ ကျောင်းသွားသလို ဟန်ဆောင်ပြီး အိမ်ကို ပြန်လာချောင်းကြည့်တယ် ။ မမ ဘာလုပ်သလဲဆိုတာကိုပေါ့ ။
အဲချိန်မှာ မမ ဆေးသောက်ချတာ တွေ့တယ် .. သဲနုလဲ ပြေးပြီးတော့ ရိုက်ချလိုက်တယ် ။ မမက သဲနုကို ကြည့်ပြီး တစ်ချက် ပြုံးတယ် ။ ပြီးတော့ ဘာမှ မဖြစ်သလိုပဲ အေးအေးဆေးဆေးလေး အခန်းထဲဝင်သွားတယ် .. "

" ဟာ...."

" ဒါကြောင့် သဲနု ကျောင်းမသွားဘဲ နေ့တိုင်း ချောင်းကြည့်ခဲ့တယ် .. ဒီနေ့ မနက်မှာ သဲနု နိုးလာတော့ မမက ခြံထဲမှာ စံပယ်ပန်းတွေ ခူးနေတယ် .. သဲနုလဲ လိုက်ခူးကူပေးတယ် .. ပြီးတော့ မမက အခန်းထဲကို ယူဝင်သွားတာ.. သဲနုလဲ လိုက်မကြည့်ဖြစ်တော့ဘူး.. သူငယ်ချင်းကို ခွင့်စာတင်ဖို့ ပေးလိုက်တာ.. ပေးပြီးတာနဲ့ မမကို ချောင်းကြည့်နေတယ် .. မမက အခန်းထဲက ထွက်လာပြီးတော့ ရေချိုးတယ် .. ပြီးရင် သနပ်ခါးစင်မှာ သနပ်ခါးလိမ်းဖို့ ထိုင်တယ်.. သနပ်ခါးသွေးပြီးတော့ ပါးကို အသဲပုံလေး ကွက်တယ် .. တစ်ဖက်ပဲ ကွက်ရသေးတယ် နောက်တစ်ဖက်ကို ကွက်မယ့်အခါ မမ လဲကျသွားတယ် .. သဲနု မမ လို့အော်ပြီးပြေးတက်သွားတော့ ... အီး ဟီး... ဟီး ... မမ သေနေပြီ ကိုစိုင်း ... ဟင့် "

" ဘာ ..... သဲ သေပြီ ဟုတ်လား ... သဲနု ပြန်ပြောစမ်းပါ .. ဟုတ်လား .... "

" ဟုတ်တယ် ကိုစိုင်း.. မမ ကို ခုထိ မှန်စင်ခုံရှေ့က ယူဖယ်လို့မရဘူးဖြစ်နေလို့ ကိုစိုင်းကို လာခေါ်တာ .. မေမေ တို့လဲ ရောက်နေပြီ .. ဘယ်သူမှ ယူဖယ်လို့မရဘူး ... "

" မလိုက်နိုင်ဘူး သဲနု.. ကိုစိုင်းမလိုက်နိုင်ဘူး ... သဲ သေပြီတဲ့ မယုံဘူးကွာ ... သဲ မသေသေးဘူး ... ဟုတ်တယ်နော် .. "

" ကိုစိုင်း သဲနုပြောတာကို ယုံပါ .. မမကိုချစ်ရင် မမရဲ့ နောက်ဆုံးခရီးကို ကိုစိုင်းလုပ်ပေးပါ တောင်းပန်ပါတယ် ... "

"မလိုက်နိုင်ဘူး "

သူ အော်ဟစ်ပစ်လိုက်ချင်သည်။ သူ သိပ်ချစ်သည့် သဲ က သူ့ကို ထားခဲ့မယ်ဆိုတာ မဖြစ်နိုင်တာ.. လုံးဝကို မဖြစ်နိုင်ဘူး ။ သူ ခေါင်းတတွင်တွင်ခါ မျက်ရည်များ အတားဆီးမဲ့စွာကျနေတာကို သုတ်မပစ်နိုင်အား.. ။ သူ့နားထဲတွင် သဲမရှိတော့ဘူး ဆိုတာကို မယုံနိုင်အောင်ဖြစ်နေခဲ့သည်။ ထိုစဉ် သဲမေမေရောက်လာသည်။

"သား .. အန်တီနဲ့ ခဏလိုက်ပေးခဲ့ပါလားကွယ် .. "

" မလိုက်ချင်ဘူးဗျာ.. ကျွန်တော့်ကို လာမခေါ်ကြပါနဲ့ "

"သားချစ်သူရဲ့ နောက်ဆုံးခရီးတောင် မဖြစ်စေချင်တော့ဘူးလား .. "

" ကျွန်တော် ဘာမှ မကြားချင်ဘူးဗျာ... "

စိုင်းနောင် ထိုမျှသာပြောကာ တဲထဲသို့ဝင်လာခဲ့သည်။ ညနေ လေးနာရီ ကျော်နေပြီ။ သူ ဘာမှ မလုပ်ပဲ ထိုင်နေမိသည်။

"သားလေး "

" ဟင် အမေ "

" သား သဲအိချိုတို့အိမ်ကို သွားလိုက်ပါ .. ဘာတွေပဲဖြစ်ဖြစ် သားသွားလိုက်ပါ "

" မသွားချင်ဘူး၊ သား မယုံနိုင်သေးဘူး "

" မသွားလို့မရဘူး သမီးလေးက ကျိန်ဆိုခဲ့တယ်နဲ့ တူတယ်.. ခုထိ သူ့ကို ရွေ့လို့မရဘူး ထမီရင်ရှားနဲ့ အဲမှာ လဲကျနေတုန်းပဲ .. သွားလိုက်ပါ ၊ လိမ္မာပါတယ် "

မေမေ ပြောနေတာကို နားထောင်ရင်း သူ လေးတွဲစွာ ထလိုက်သည်။ ထို့နောက် သဲအိချို အိမ်လေးဆီသို့ ... ။

သူ သဲအိချို အိမ်ရှေ့သို့ရောက်ခဲ့သည်။ ခြံထဲသို့ မ၀င်ရဲဖြစ်နေသည်။ ထိုစဉ်..

"ကိုစိုင်း .. လာလေ .. "

မျက်လုံးနီရဲမို့အစ်နေသော မျက်လုံးများနှင့် သဲနုထွေး ရောက်လာသည်။ သူ့ကို လက်ဆွဲခေါ်တာမို့ သူ ခြေထောက်တွေကို အနိုင်နိုင်ထိန်းကာ သူ မကြည့်ရက် မယုံရဲသော သူချစ်တဲ့ သဲကို တွေ့ရမည် ကိုတွေးကာ ခြေလှမ်းတို့ အားအင် မရှိဖြစ်နေသည်။

"ကိုစိုင်း ... ဟိုမှာ ... ဟင့် .. ဟင့် "

"ဟင် ..."

သူ့မျက်လုံးများက မှန်တင်ခုံရှေ့လေးတွေ လဲကျနေသော သူ သိပ်ချစ်သည့် သဲကို တွေ့လိုက်သည်။ သူ .. သဲနားသို့ သွားကာ သဲ ကိုယ်လေးကို ပွေ့ယူလိုက်သည်။ အိပ်ပျော်နေသကဲ့သို့ နုနုညက်ညက် လှရက်လွန်းသာ ချစ်သူလေး..။ သူပွေ့ချီကာ
နေရာပြောင်းပေးလိုက်သည်။ သဲနှင့်ပတ်သက်သမျှ အရာရားလုံး သူကလွဲပြီး ဘယ်သူမှ လုပ်ပေးလို့မရ... ။ သဲကို သူ ရင်ခွင်ထဲ ပွေ့ထားရင်း ငုံ့ကြည့်မိသည်။ သူမယုံနိုင်စရာပင် .. ။ သဲ မျက်ဝန်းတို့မှ မျက်ရည်တွေကျနေပါလား ..... ။ ရင်တစ်ခုလုံး ဆို့နင့်နေသည်။

သဲနုထွေး ခေါ်ပြရာ သူချစ်သည့် သဲ အခန်းလေးထဲသို့ သူ ၀င်ခဲ့သည်။ မင်္ဂလာအခမ်းအနားတစ်ခုကဲ့သို့ အနီရောင်အသစ်စက်စက် အိပ်ရာကုတင်များ။
ခေါင်းအုံးလေးကို စံပယ်ပန်းများနှင့်ဝိုင်းထားသည်။ ထို့အတူ အိပ်ရာခင်း စောင်၊ ဖက်လုံးများကိုလဲ စံပယ်ပန်းလေး များနှင့် ၀န်းရံထားလေသည်။ သူ့ရင်ထဲ ကြေကွဲစွာဖြင့် ကုတင်ဘေးတွင်လက်ထောက်ကာ ထိုင်ချလိုက်သည်။ သူ့လက်က ခေါင်းအုံးလေးကို တွန်းသလိုဖြစ်သွားခဲ့ရာ ခေါင်းအုံးအောက်မှ စာအိတ်ဖြူဖြူလေး တစ်ခုကို တွေ့ရလေသည်။
အိတ်ပေါ်တွင်....

** စိုးနောင်သို့ .. **
ဟု ရေးထားသဖြင့် သူ ဖောက်ကာ ဖတ်လိုက်သည်။

♥♥ စိုင်းနောင် ....

ဒီချိန်ဆို သဲ စာလေးကို ဖတ်နေပြီပေါ့နော် ...
သဲ ခုလိုလုပ်လိုက်တဲ့အတွက် ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ် ..
သဲ စိုင်းနဲ့ မခွဲနိုင်လို့ ခုလို ဆုံးဖြတ်လိုက်တာပါ... ကိုယ်မချစ်တဲ့လူအနားမှာ နေရတာ
ထက် သေရတာက ပိုကောင်းပါတယ်။

ရွှေငွေဓနဂုဏ်အတွက်နဲ့ မချစ်တဲ့သူမှာ သဲဘ၀ကို မပေးအပ်ထားနိုင်ဘူး.. ဘယ်လောက်ပဲဆင်းရဲပါစေ ချစ်တဲ့သူနဲ့ဆိုရင် ဘယ်လိုပဲနေရပါစေ ပျော်ပါတယ် ... မိဘရဲ့ ဆန္ဒကို မလိုက်လျောနိုင်တဲ့အတွက် ခွင့်လွှတ်ပါလို့ မေမေ့ကိုပြောပေးနော် ..
ပြီးတော့ ညီမလေး သဲနုထွေးကိုလဲ တောင်းပန်ပါတယ်လို့ ပြောပေးပါ ....
သဲ တစ်ခုခု လုပ်မှာစိုးလို့ သဲကို အမြဲစောင့်ကြည့်နေတဲ့ကြားက သူမသိခင် သဲ လုပ်လိုက်မိတယ် .. သဲကို ခွင့်လွှတ် ပါလို့နော် ..

သဲ လေ စိုင်းနဲ့ပဲ နေချင်ခဲ့တယ် .. ဒါပေမယ့် အတူနေဖို့ဖြစ်မလာခဲ့ဘူး ..
သဲ စိုင်းကို အရမ်းချစ်ပါတယ် ... သဲ ဘယ်လောက်ထိချစ်လဲဆိုတာ သက်သေပြဖို့
သဲ ရဲ့ အသက်မဲ့နေတဲ့ ကိုယ်ခန္ဓာကို စိုင်းကလွဲပြီး ဘယ်သူမှရွှေ့ပေးလို့ မရပါစေနဲ့လို့ကျိန်ဆိုထားခဲ့ပါတယ် ...
နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ခုလို အဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့လို့ ဆုတောင်းပါတယ် ....
သဲ ဘ၀ခြားကနေပဲ စိုင်းဆီကို လာတော့မယ်နော် .. သဲကို နေခွင့်ပြုပါနော် ...

စိုင်းကို အရမ်းချစ်တဲ့ ......

သဲအိချို ♥♥

စိုင်းနောင် တစ်ယောက် သဲ ရဲ့ စာကလေးဆုံးသွားချိန်ဝယ် သဲ အိမ်မှ သူနေသော အိမ်လေးသို့ အပြေးတပိုင်းပင် ပြေးထွက်ခဲ့တော့သည်။ သူပြေးရာ လမ်းတစ်လျှောက်ဝယ် ဂုဏ်ပကာသနမဲ့သော ဆင်းရဲသော သူ့ကြောင့် သူ့ကု သိပ်ချစ်သည့် ချစ်သူက အသက်ပေးကာ သက်သေပြခဲ့သည်ကို ယူကြုံးမရစွာနှင့် ဖြေမ ဆည်နိုင်အောင် ရင်တစ်ခုလုံး ပြည့်ကျပ်နေခဲ့သည်။

သူ ....
တဲအိမ်ကလေးသို့ ရောက်သောအခါ အဖြူရောင် ၀တ်စုံလေးနှင့် သူချစ်သည့် သဲအိချိုက အပြုံးလေးနှင့် ကြိုဆိုနေသည်။
သူ့ကို စောင့်နေသော ချစ်သူလေးကို မျက်ရည်စများနှင့် အပြုံးတစ်ခု သူ ပြုံးပြရင်း စိတ်ထဲမှ .......

သြော် ...
ဘ၀ခြားခဲ့ပြီလား ချစ်သူရယ် ........ ။

လွမ်းဆုလေး
 
thumbnail

စည်းခြားထားလေသော ...


Download

ချိန်းဆိုထားသည့်နေရာလေးသို့ စိုးနောင် ဆယ့်ငါးမိနစ်ခန့်စောပြီးရောက်ခဲ့သည်။ သူသိပ်ချစ်သည့် နှင်းဖွေး အတွက်ဝယ်လာသော လက်ဆောင်ကလေးကိုပိုက်ရင်းနှင့်။ သူရောက်သော်လဲ နှင်းဖွေးမရောက်လာသေး။ အင်း စောပါသေးတယ်လေ... ။ သူတို့ချိန်းထားသည်က မနက်ဆယ်နာရီလေ။ ခုမှ ကိုးနာရီလေးဆယ့်ငါးမိနစ်ပဲရှိသေးတာ။

ဆယ်နာရီ....... ။

သူ နှင်းဖွေးလာရာလှမ်းဆီသို့ ငေးကြည့်ရင်းမျှော်နေမိသည်။ အရိပ်ပင်မမြင်ရသေးပါ။

ဆယ်နာရီခွဲ ..... ။
သူ့ရင်တွေ စိုးရိမ်စိတ်ဖြစ်စပြုလာလေပြီ။ နှင်းဖွေးကိုမတွေ့ရသေး။ နှင်းဖွေးဘာဖြစ်လို့နောက်ကျနေသည်မသိပါ။ နှင်းဖွေး အချိန်ကိုလေးစားပါသည်။ တိကျသည်။ ဒီနေ့မှ ဘာလို့နောက်ကျနေမှန်းမသိပါ။

ဆယ်နာရီ လေးဆယ့်ငါး .... ။
သူ့ရင်တစ်ခုလုံးမီးတောင်ပမာ ပူလောင်နေပြီ။ ထိုင်ရမလို ထရမလိုနှင် သူ ဆောက်တည်ရာမဲ့ချင်နေပြီ။ နှင်းဖွေး ခုလောက်နောက်မကျဖူးပဲ ဘာလို့ ရောက်မလာသေးတာလဲ... ။
သူ နှင်းဖွေး ဖုန်းကိုခေါ်လိုက်သည်။

''တူ ... တူ...... တူ.....

တူ ..... တူ..... တူ..........''

ဖုန်းကိုင်မည့်သူမရှိ။ နှင်းဖွေးဘာလုပ်နေတာလဲ...။ စိတ်ပူလွန်းလို့ရူးတော့မယ်။
နှင်းဖွေးရေ.......။ ဘာတွေ လုပ်နေတာလဲကွာ.... ။

သူ မျက်ဝန်းထက်မှာ မျက်ရည်စ တို့ ခိုတွဲလာစပြုလာလေပြီ။ ထိုစဉ် အဖြူရောင်ဝတ်စုံလေးနှင့် တရွေ့ရွေ့လာနေသော အရိပ်တစ်ခု.. ။ သူ ထခုန်မိမတတ်ပျော်သွားလေသည်။ ထိုအရိပ်လေး သူ့အနားရောက်လာသည်နှင့် သူ ရင်ထဲမှ မြတ်နိုးမ၀စွာ တိုးတိုးလေး ခေါ်မိသည်။

''နှင်း....''

''ဟင်....''

''နှင်း ရောက်လာတယ်နော်... ကို စိတ်ပူလိုက်ရတာ နှင်း ရယ်... ''

''နှင်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်နော် ...''

''အင်း ရပါတယ် နှင်းရောက်လာပြီပဲ ... ''

''ကို ရောက်နေတာ ကြာပြီလား ... ''

''အင်း ကြာပြီလေ... ''

''အော် .... ''

''ဒီမှာ နှင်းအတွက် လက်ဆောင် ရော့.... ''

''ဘာလဲဟင် ကို .. ''

''ဖွင့်ကြည့်လေ .... ''

အနီရောင် ဘူးကလေးကို လှပစွာထုပ်ထားသည်။ နှင်းက သူပေးသာ ဘူးလေးကို ယူကာ လက်ချောင်းလှလှလေးများနှင့် ဖြည်းညှင်းစွာ ဖွင့်ကြည့်သည်။

''ဟင် .. လက်စွပ်လေး ... ''

''အင်း ဟုတ်တယ်လေ။ နှင်းကို လက်ထပ်ခွင့်တောင်းမလို့လေ... ''

''ကိုရယ် ...... ''

နှင်း အသံလေးများ တိုးလျတိမ်ဝင်သွားကာ ပါးပြင်ပေါ်သို့ မျက်ရည်စများ ကြွေကျလာသည်။

''ဟာ... နှင်း မငိုနဲ့လေ။ ပျော်ရမှာမဟုတ်ဘူးလားလို့ .. မငိုပါနဲ့ တိတ် တိတ် ''

''နှင်း ၀မ်းသာလို့ပါ ... ''

''နှင်း ရယ် ၀မ်းသာတာများ ငိုစရာလားလို့ .. နှင်း ကိုယ်လက်ထပ်ခွင့်တောင်းတာကို လက်ခံမယ်မဟုတ်လား ''

''အင်း လက်ခံပါတယ် ''

သူ နှင်းလက်သူကြွယ်လေးတွင် လက်စွပ်လေးကို စွပ်ပေးပြီးချစ်မြတ်နိုးလွန်းစွာ နှင်း ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ထားမိသည်။ သူ နဲ့ နှင်း ထာဝရမခွဲပဲ အတူနေရတော့မည်ကိုတွေးရင်း သူ့ရင်တွေ ခုန်နေမိသည်။

''နှင်း ... ''

''ရှင် ... ''

''ကို့ ကို ချစ်လားဟင် ... ''

''ချစ်ပါတယ် ကိုရယ် .. နှင်း အရမ်းချစ်ပါတယ် ...''

''ကိုလဲ အရမ်းချစ်တယ် နှင်းရယ် .... ''

''နှင်း ယုံပါတယ်''

''ဒီနေ့ ဘာနေ့လဲ သိလား ''

''အင်း သိတာပေါ့ ကိုရဲ့ ''

''ဟုတ်လား ပြောပြပါအုံး .. ''

''ချစ်သူများနေ့လေ ...''

''အင်း ဒီနေ့ကို သက်သေထားပြီး ကို သစ္စာဆိုမယ် ''

''ဘယ်လိုဆိုမှာလဲ ''

''အင်း ကို ချစ်တဲ့ နှင်းနဲ့ တစ်သက်လုံး အေးအတူပူအမျှ ထာဝရကြင်နာပါ့မယ်လို့လေ''

''ကိုရယ် .....''

''နှင်း ကို့နားမှာ အမြဲနေမယ်မဟုတ်လား ''

''နေမှာပေါ့ ကိုရဲ့ ၊နှင်း နဲ့ ကို ဘ၀ခြားခဲ့တောင် ကို့နားမှာ နှင်းလာနေအုံးမှာ ''

''နှင်းရာ.. ကိုတို့ဘ၀ခြားမှာကို မပြောပါနဲ့လား .. နှင်း ဘာမှ မဖြစ်ရဘူးလေ ကိုလဲ ဘာမှမဖြစ်ဘူး ဟုတ်တယ်မဟုတ်လား ... ''

''........... ''

''နှင်း ကိုပြောတာကို ပြန်ပြောလေ ... ''

''တကယ်လို့ ကိုနဲ့ နှင်း ဘ၀ခြားသွားပြီဆိုရင် ကို့ နားမှာ နှင်းနေခွင့်ရှိပါ့မလားဟင် ..''

''နှင်း ဘာတွေပြောနေတာလဲကွာ.. ''

''နှင်း မေးတာကိုဖြေပါ ကိုရဲ့ ''

''နေခွင့်ရှိတာပေါ့ ဒီဘ၀တင်မကဘူး ဘ၀အဆက်ဆက် နေခွင့်ရှိတယ် ကျေနပ်ပြီလား ''

''ဟုတ်.. ကျေးဇူးတင်ပါတယ် ကိုရယ်.. နှင်းလေ ကို့ကိုအရမ်းချစ်တယ်သိလား ''

''တူတူပါပဲ .... ''

''နှင်း ပြန်တော့မယ်လေနော် ကို ''

''အင်း ပြန်လေ... ကိုလဲ ပြန်မယ် ... ''

''ဟုတ် ကောင်းကောင်းပြန်နော် ''

''ကို လိုက်ပို့မယ်လေ နှင်းကို ''

''ရပါတယ် နှင်းဘာသာ ပြန်ပါ့မယ် .. ကို ပဲ လမ်းမှာ ဂရုစိုက်နော် ...''

''အင်း ဒါဆိုလဲ ကို ဒီကနေ ကြည့်နေမယ်နော် .. နှင်း အရိပ်လေးပျောက်သွားတဲ့ထိ''

''သဘောတိုင်းပါနော် .. ''

''ချစ်တယ် နှင်းရယ် ... ''

''ဟုတ် နှင်းလဲ အရမ်းချစ်တယ် ..မခွဲချင်ဘူး ကိုရယ် ... ''

သူ နှင်း ပါးလေးကိုတစ်ချက်နမ်းကာ ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သည်။

''နှင်း ပြန်ပြီနော် ကို ''

''အင်း ''

သူ့နားမှ ဖြည်းညှင်းစွာထပြီး တရွေ့ရွေ့ထွက်ခွာသွားသော ချစ်သူ့ကျောပြင်လေးကို မျက်စိတဆုံးငေးကြည့်နေမိသည်။ နှင်း အရိပ်လေးပျောက်သွားတော့မှ သူ ပြန်ရန် ထိုင်ရာမှ ထလိုက်သည်။ ထိုစဉ် သူ့ဖုန်းမြည်လာလေသည်။

''တူ.... တူ... တူ..... တူ.... ''

''ဟဲလို... ''

''စိုးနောင်လားဟင် ''

''ဟုတ်ပါတယ် ''

''ငုဝါပါ စိုးနောင်''

''ငုဝါ ဘာဖြစ်လို့လဲ''

''ဟင့် ... စိုးနောင် .. နင် ... ခု .... နှင်းပွင့် အိမ်ကို လာခဲ့ ဟာ .... ''

''ဟာ.. ဘာဖြစ်လို့လဲဟ.. နင်ကလဲ ငိုသံတွေနဲ့ ဘာဖြစ်နေတာလဲ ''

''နင် တကယ်မသိဘူးလား ဟင် ''

''ငါက ဘာကိုသိရမှာလဲ ''

''နှင်း .... နှင်းပွင့် မရှိတော့ဘူး စိုးနောင်ရဲ့ ... ''

''မရှိ ဘယ်သွားလို့လဲ ..ခုမှ ငါနဲ့ တွေ့ပြီး ပြန်သွားတာကို ... ''

''ဟင် ... စိုးနောင် နှင်းပွင့် ဆုံးသွားပြီလေ.. ခုမနက်ဆယ်နာရီဆယ့်ငါးမိနစ်မှာ နင် တကယ်မသိဘူးလား ... ''

''ဟားဟား နင် နောက်စရာရှားလို့ ငုဝါရယ်...''

''ငါ တကယ်ပြောနေတာ .. နင်မယုံရင်ခုလာခဲ့ ''

''နင်နော်.... ငါ့ကို မစနဲ့ ''

''ငါ နောက်ပါ့မလားဟ တကယ်မရှိတော့လို့ မရှိဘူးပြောတာ ငါ့သူငယ်ချင်းကို ငါ သေခိုင်းစေချင်မှာလား နင် တို့ အဲလောက်ချစ်ကြတာ.. ''

''နင် တကယ်ပြောနေတာလား စနေတာတော့မဟုတ်ပါဘူးနော် ...''

''စိုးနောင်ရယ် .... နင် လာခဲ့ပါဟာ .. ငါ ဖုန်းချလိုက်တော့မယ်နော် ..''

''အင်း ''

''နင် လာဖြစ်အောင် လာပါဟာ ... ''

သူ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် အိမ်ပြန်ရနိုး နှင်းပွင့်အိမ်ကို သွားရနိုးဖြစ်နေသည်။ မထူးပါဘူး ဆိုပြီး နှင်းပွင့်အိမ်ကို အရင်သွားလိုက်သည်။

ဟာ ..... လူတွေ အများကြီးပါလား ။ ငုဝါပြောတာ တကယ်များလား။ သူ စိုးရိမ်စိတ်တို့ ငယ်ထိကို ဒိတ်ခနဲ ဆောင့်တက်လာသည်။ ခြေလှမ်းများကို သွက်သွက်လှမ်း လိုက်သည်။ နှင်းပွင့်အိမ်ရှေ့ သို့ရောက်လျှင် အထဲမှ ငိုကာ ခေါ်လိုက်သော နာမည်ကြောင့် သူ ခြံရှေ့မှာပင် ကျောက်ရုပ်ဖြစ်သွားလေတော့သည်။

''နှင်းပွင့်ရေ.. သမီးလေး ...''

''သမီးရေ.. အမေ့ကိုထားခဲ့ပြီလား ... ''

သူ နေရာမှာပင် မည်မျှကြာအောင် ရပ်နေမိသည်မသိ။ ငုဝါလာဆွဲမှပင် သတိရတော့သည်။

''စိုးနောင် ... အထဲဝင်လေ .. ''

''မ၀င်တော့ပါဘူး ငါ ပြန်တော့မယ် .. ''

''ဟင် ... နှင်းပွင့်ကို မကြည့်တော့ဘူးလား ''

''ငါ ... ''

''စိုးနောင်ရယ် ...''

''ငါ မကြည့်ရက်ဘူးဟာ ... သူမရှိတော့ဘူး ဆိုတာကို ငါ မယုံကြည်နိုင်သေးဘူး .. ငါ့နားမှာ သူရှိနေတယ် ''

''ငါ နားလည်ပါတယ်ဟာ ... နင် ဘယ်လောက်ထိ ကြေကွဲနေမယ် ခံစားနေရမယ်ဆိုတာ ... ''

''ငါ ပြန်တော့မယ် ... ''

သူ ပြန်ဖို့ခြေလှမ်းလိုက်သော်လဲ မရ။ ခြေလှမ်းများက လှုပ်ရှားလို့မရခဲ့ပါ။ သူ အံကြိတ်ကာ မငိုဘူးလို့ အားတင်းထားပေမယ့် ထို အားတင်းမှုများ မကြာခင် အားလုံးပျောက်သွားခဲ့သည်။

''သား ... သမီးလေးကို လာကြည့်ပါအုံးကွယ် ... သမီးလေးကို နေရာက ဆွဲဖယ်လို့မရဘူး ဖြစ်နေတယ် ... ''

သူ နှင်းပွင့်အမေ အသံကြောင့် အိမ်ပေါ်သို့တက်လိုက်သည်။ ထို့နောက် နှင်းပွင့်အခန်းထဲ ...

ပန်းနုရောင်အိပ်ရာကတ္တီပါများနှင့် စံပယ်ပန်းဖြူဖြူလေးများ စီထားသောကုတင်များက သူ့ရင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သည်။ ကုတင်ထက်တွင် ငြိမ်သက်စွာ အသက်မဲ့နေတဲ့ ဂါဝန်ဖြူဖြူလေးနှင့် သူ သိပ်ချစ်ရသည့် နှင်းဖွေး ။

အသက်မဲ့နေသောချစ်သူ ကိုယ်လေးကို သူ ယုယစွာပွေ့ချီပြီး ခေါင်းတလားထဲသို့ ညင်သာစွာထည့်ပေးလိုက်သည်။

'' ကို့ ကို မခွဲဘူးဆိုတဲ့ နှင်းရယ် .... သွားနှင့်လေအုံးတော့ ...
ဘ၀ခြားနေရက်နဲ့ ကို့ ဆီရောက်အောင်လာခဲ့ရလေသလား ...
ကို ရင်တွေ တစ်စစီဖြစ်နေခဲ့ပြီ ချစ်သူရယ် ...
ကို့် ရင်ထဲမှာ နှင်းတစ်ယောက်ကိုပဲထာဝရမြတ်နိုးစွာနဲ့ ကိုယ် သိမ်းဆည်းထားတယ်လို့ နောက်ဆုံး ပြောခဲ့ပါတယ်.. နှုတ်ဆက်ခဲ့တယ် ချစ်ရယ် ... ''

သူ ခေါင်းတလားထဲထည့်ပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။ သူအိမ်ပြန်ရာလမ်းတစ်လျှောက်မှာတော့ မျက်ရည်စမ်းတို့ လမ်းခင်းထားလေပြီ။

'' ဘ၀ခြားရင်တောင် ကို့နားမှာ နေခွင့်ရှိပါ့မလားလို့ မေးခဲ့တဲ့ ချစ်သူကို ကိုယ့်ဘ၀နားက ထပ်မခွဲသွားပါနဲ့လို့ အော်ဟစ်နေမိရင်း ..... ''

လွမ်းဆုလေး


thumbnail

ထိုငှက်ကလေးနှစ်ကောင်မှာ ... (ဇာတ်သိမ်းပိုင်း)


Download

(ဒီဇာတ်လမ်းကို တင်တုန်းက အပြီးတင်တာဘယ်လိုဖြစ် ကျန်သွားမှန်းမသိလို့ ခုကျန်တာကို တင်ပေးလိုက်ပါတယ်။ ဝေဖန်အားပေးကြပါအုံးနော် .. လေးစားစွာဖြင့် ... )

ထိုငှက်ကလေးနှစ်ကောင်မှာ ...
************************

သူ မချိတင်ကဲဖြစ်ကာ ရွှေစင့်ကို ဖက်ထားမိလေသည်။ ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမကိုကြည့်ကာ ရင်ထဲတွင်ကြေကွဲစွာ ယူကြုံးမရဖြစ်မိသည်။ ဒီလောက်ထိ ပဲ ဖြစ်သွားခဲ့သလေသလား ချစ်သူရယ် .. ။

သူတို့နှစ်ဦး စကားပင်မဆိုနိုင်ပဲ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထား မိသည်။ အတန်ကြာသည်အထိ ပတ်ဝန်းကျင်ကိုမေ့လျော့နေကြသည်။ မတွေ့ရသည့်ရက်အတွင်း လွမ်းဆွတ်မှုက ဖြေမရနိုင်အောင်ပင် ... ။

'' ရွှေစင်ရယ်.. လွမ်းလိုက်တာ ''

''တူတူပါပဲ.. ရွှေစင်လဲ လွမ်းတာပေါ့ ''

'' အင်း .. ''

'' နောက်ဆို ရွှေစင်ကို မထားခဲ့ပါနဲ့နော် ၊ ရွှေစင် ကိုကိုနဲ့ ထပ်ပြီး မခွဲနိုင် လို့ပါ၊ ရွှေစင်သေလိမ့်မယ် ကိုကိုရယ် .. ''

''တူတူပါပဲကွာ ကိုကိုလဲ မခွဲနိုင်ဘူး ''

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချစ်မ၀သော မျက်လုံးများနှင့် ချစ်ခင်စုံမက်စွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိသည်။ ထိုအချိန်တွင် ရွှေစင်ပျောက်သဖြင့် လိုက်ရှာလာသော ဒေါ်မိုးဇာတစ်ယောက် နာမည်တစ်ကြော်ကြော်အော်ကာ မြစ်ကမ်းဘက်သို့ ရောက်လာခဲ့သည်။

'' ရွှေစင်.. သမီးလေး ရွှေစင် ဘယ်မှာလဲ ''

'' ရွှေစင်ရေ..... ''

သခင်ကြီးပြန်လာတော့မည်မို့ ရွှေစင်ကို အခန်းမှာ ပြန်ထားမှဖြစ်မည်လေ။ နာမည်အော်ကာ လိုက်ရှာလာသော ဒေါ်မိုးဇာတစ်ယောက် ရှေ့က ငှက်ပျောပင်တွေ နား ရောက်လျှင် ခြေစုံရပ်ကာ မှင်သက်နေမိတော့သည်။ သူမ မြင်နေရသည်က သားလေးမောင်လူမွန်နှင့် သမီးလေး ရွှေစင်သွန်းတို့ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားသည်ကိုလေ။ သားအရင်းနှင့် သမီးမို့ မကြည်ဖြူနိုင်တာ မရှိပေမယ့် သခင်ကြီးကတော့ ဘယ်လိုမှ သဘောတူမှာ မဟုတ်ပေ။

ဟူး ........................။

ရင်မောလိုက်တာကွယ် ။ သူမ မအော်ရက်တာကြောင့် အိမ်ကြီးဆီသို့ လှည့်ပြန် ရန် ပြင်လိုက်သည်။ သ ခင်ကြီးလဲ ပြန်မလာသေးပါဘူးလေ ။ ဒေါ်မိုးဇာ လှည့်ပြန်သွားသည်ကို ချစ်သူနှစ်ဦးကတော့ မသိလိုက်ပါ။ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်က တင်းတင်းဆုပ်ရင်း

'' ရွှေစင် ကိုကို့နားမှာနေမယ်မဟုတ်လား ''

''နေမှာပေါ့ ရွှေစင် ကိုကိုနဲ့ မခွဲနိုင်ဘူး ''

'' ခုချိန်ကစပြီး မခွဲဘူးနော် ''

'' တကယ်နော် ''

''ကတိ ပေးတယ် ''

''ရွှေစင်ယုံပါတယ် ''

ထိုအချိန်တွင် မြို့ထဲမှ ပြန်လာသော သူဌေးကြီးကို အိမ်ကြီးပေါ်မှ ဒေါ်မိုးဇာ လှမ်းမြင်လိုက်သဖြင့် သားနှင့်သမီးဆီ ပြေးဆင်းလာခဲ့သည်။

'' သား ...''

''သမီး ''

ဒေါ်မိုးဇာတစ်ယောက် စိုးရိမ်စိတ်များဖြင့် အော်ကာ ပြေးလာသည်။ ဒေါ်မိုးဇာအသံကို ကြားမိသော ရွှေစင်မှ လူမွန်လက်ကိုဆွဲကာ တံတားပေါ်သို့ ပြေးဆင်းလေသည်။ တံတားပေါ်အရောက် တစ်ဖက် တံတားထိပ်တွင် သူတို့ကို ကြည့်နေသာ သူဌေးကြီး ဦးငွေမင်း ။ ရွှေစင်မှာ ရှေ့တိုးလဲ မရ နောက်ဆုတ်လဲမဖြစ်တာကြောင့် တံတားအလယ်တွင် လူမွန်လက်ကိုဆွဲကာ...

'' ကိုကို ... ''

ဟု အားကိုးတကြီးခေါ်ရှာသည်။ မောင်လူမွန်မှာလဲ ဘာလုပ်ရမှန်းမသိ။ ခဏအကြာ ရွှေစင်မှ

'' ကိုကို ရွှေစင်တို့နောက်ထပ် မဝေးဘူးနော် ..ခွဲလဲ မခွဲဘူး ''

''အင်း မခွဲပါဘူး ''

'' ရွှေစင်တို့ကို အတင်းခွဲလဲ ကိုကို မထားခဲ့ရဘူးနော် ''

'' ရွှေစင် ကိုကိုမေးတာကို သေချာတွေးပြီးဖြေနော် ''

'' ရွှေစင် ကိုကိုနဲ့အတူ သေရဲလား ''

ရွှေစင် ခဏမျှ ငြိမ်သွားသည်။ ထို့နောက် ..

'' ကိုကိုနဲ့ဆို အရာရာကို ရင်ဆိုင်ရဲတယ် ''

'' ဒါဆို ကိုကိုတို့ကို မခွဲနိုင်အောင် မြစ်ထဲခုန်ချမှဖြစ်မယ်၊ လိုက်ရဲလား ဟင် ''

'' လိုက်ရဲတယ် ''

ခေါင်းလေး မော့ကာ တောက်ပသော မျက်ဝန်းတို့ဖြင့် မောင်လူမွန်လက်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ ထိုအချိန်တွင်

'' သမီး ခု ပြန်လာခဲ့.. အဲလိုလူနဲ့ ကြိုက်စရာလား.. ''

'' မလာနိုင်ဘူး ဖေဖေ၊ သမီးတို့ကိုမခွဲပါနဲ့ ''

'' တိတ်စမ်း၊ အစေခံတစ်ယောက်နဲ့ လုံးဝသဘောမတူနိုင်ဘူး၊ ခု လာခဲ့စမ်း ''

'' သမီးတို့ကို နားလည်ပေးပါ ''

'' သမီး ပြန်လာခဲ့၊ သူ့ထက်သာတာတွေ အများကြီး ဖေဖေရှာပေးမယ်''

ပြောပြောဆိုဆိုသူဌေးကြီးက တံတားပေါ်သို့လာရန် ပြင်လိုက်သည်နှင့်

'' တိုးမလာနဲ့နော် သမီးတို့ ခုန်ချလိုက်မယ်.. လုံးဝတိုးမလာနဲ့ ''

ထိုစကားကြောင့် ဦးငွေမင်းခြေလှမ်းများ ရပ်တန့်သွားသည်။ ထပ်မတိုးရဲ။ သူတို့အော်ဟစ်သံ ငိုသံများ အခြေအတင်ပြောသံများ၊ ဆူဆူညံညံအသံများကြောင့် ပတ်ဝန်းကျင်မှ လူများ တစ်စတစ်စ များလာကာ ထိုမြစ်ကမ်းနံဘေးတွင် စည်ကားနေလေသည်။ အားလုံးက တံတားပေါ်က ချစ်သူနှစ်ဦးဆီတစ်လှည့် တံတားထိပ်နှစ်ဖက်မှ လူကြီးနှစ်ယောက်ထံတစ်လှည့် ကြည့်နေကြသည်။ ရုတ်တရက် သူဌေးကြီးမှ

'' မကြားချင်ဘူး ၊ ဟေ့လူတွေ ငါ့သမီးကို ငါ့ဆီရောက်အောင် ခေါ်နိုင်မယ့်သူကို ငါ့သမီးနဲ့ပေးစားမယ် ''

'' သူဌေးကြီး တကယ်ပြောတာလား ''

''အေး ရအောင်သာ ခေါ်ခဲ့''

'' မတိုးလာနဲ့နော် .. ဘယ်သူမှ မတိုးလာနဲ့ ''

''မတိုးလာနဲ့လို့ပြောနေတယ်နော်.. မြစ်ထဲခုန်ချလိုက်မယ် ''

ရွှေစင် စကားကြောင့် လူများ ခဏရပ်တန့်သွားသည်။ ဒေါ်မိုးဇာမှ

'' သား.. သမီး မလုပ်နဲ့နော်၊ မလုပ်နဲ့ ''

'' ဘယ်သူမှ မတိုးလာနဲ့နော် ''

''သမီးလေး.. ခုန်မချလိုက်နဲ့၊ အမေဇာ တောင်းပန်ပါတယ် ''

'' မလာခဲ့နဲ့နော်၊ တကယ်ခုန်ချမှာ ''

ရွှေစင်က တစာစာအော်နေသော်လဲ လူမွန်ကတော့ တစ်ခွန်းမှ မအော်။ ရပ်ပြီး အားလုံးကို ကြည့်နေသည်။

'' ဟေ့လူတွေ ဂရုမစိုက်နဲ့ ငါ့သမီးကို ရအောင်ခေါ်ခဲ့''

သူဌေးကြီး စကားကြောင့် ကာလသားတစ်ချို့ အနားတိုးရန်ပြင်လိုက်စဉ် လူမွန်မှ ရွှေစင့်ကို ဖက်ကာ ရုတ်တရက်မြစ်ထဲခုန်ချပစ်လိုက်သည်။ ရွှေစင်မှာလဲ လူမွန်ကို ပြန်လည်ဖက်တွယ်ကာ ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက် ပြုံး ကာကြည့်ရင်း အေးမြနက်ရှိုင်းသော မြစ်ထဲသို့ ၀ုန်းခနဲ မြှုပ်သွားလေသည်။

သူတို့နှစ်ဦးသည် ဒေါ်မိုးဇာ၏ ရင်ကွဲအော်သံနှင့် သူဌေးကြီး၏ တားမြစ်သံ ကို နောက်ဆုံးကြားရပြီး အေးစိမ့်သော ရေပြင်အောက် ငြိမ်သက်စွာ နစ်မြှုပ်သွားလေပြီ။

'' သား ... သမီး .... အမေ့ကို ထားခဲ့ပြီလား ''

ဒေါ်မိုးဇာတစ်ယောက် ရင်ကွဲမတတ်ဖြစ်ကာ နေရာမှာပင် လဲကျသွားလေသည်။ တစ်ဖက်တံတားထိပ်မှ ဦးငွေမင်းမှာလဲ နေရာမှာပင် ထိုင်ရက်သားဖြစ်သွားလေသည်။ သူ့မျက်လုံးများက လှိုင်းကလေးများ လှုပ်နေသေးသော ရေပြင်ဆီ.. ။

'' သမီး ''

ဆို့နင့်နေသော အသံတို့က လည်ချောင်းဝမှာပင် ပျောက်ကွယ်သွားခဲ့သည်။ မိတဆိုး သမီးလေးကို ချစ်မ၀သည့်အတွက် မည်သူနှင့်မျှ ပေးမတွေ့ခဲ့သလို မိမိလဲ နောက်အိမ်ထောင်မပြုပဲ သမီးကိုသာအချစ်ပိုခဲ့သည်ကို သမီးမသိသော်လည်း ခုတော့ သူ့အတ္တ မာန တွေကြောင့် သမီးလေး သူ့ဘ၀ထဲမှ အပြီးခွဲထွက်ခဲ့လေပြီ။

ဦးငွေမင်းသည် တံတားအလယ်သို့ ယိမ်းယိုင်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လှမ်းလာသည်။ ထို့အတူ ဒေါ်မိုးဇာမှာလဲ တံတားအလယ်သို့ ချိနဲ့သော ခြေလှမ်းတို့ဖြင့် လှမ်းလာသည်။ မောင်လူမွန်နှင့် ရွှေစင်သွန်းတို့ ရပ်ခဲ့သော နေရာတွင် ရပ်ကာ မြစ်ရေကို ငုံ့ကြည့်ကြသည်။

'' သား .. သမီးလေး .. ဖေဖေ့အတ္တတွေကြောင့် သားနဲ့ သမီးကို ဆုံးရှုံးလိုက်ရတာ... ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ .. ခွင့်မလွှတ်ပါနဲ့ ''

''သမီး... သား ... ဖြစ်မှဖြစ်ရလေ ''

ဒေါ်မိုးဇာနှင့် သူဌေးကြီးတို့နှင့် လူအားလုံး ကြည့်နေကြစဉ် ရေထဲမှ အဖြူရောင်ငှက်ကလေးနှစ်ကောင် ကောင်းကင်သို့ ပျံတက်လာ သည်။ ပြီး လျှင် မြစ် ကမ်းဘေးရှိ စကားဝါပင်လေးတွင် နားကာ တေးသီနေလေသည်။ ဘာအပူမှ မရှိသကဲ့သို့ အေးချမ်းစွာဖြင့် တေးသီနေသော ထိုငှက်ကလေးနှစ်ကောင်မှာ လူအုပ်ကြီးကို တစ်ချက်ကြည့်ရင်း သစ်ပင်ထက်ဝယ် ကျီစယ်နေကြသည်။

တကယ်တော့ ထိုငှက်ကလေးနှစ်ကောင်မှာ မောင် လူမွန်နှင့် ရွှေစင်သွန်း တို့ ဖြစ်သည်ကိုတော့ .............

လွမ်းဆုလေး

ကြိုးစားပါအုံးမည်။
thumbnail

ထိုငှက်ကလေးနှစ်ကောင်မှာ ...


Download

တစ်ခုသော မြို့ကလေး၏ အစွန်ဘက်တွင် လှပသော အိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်လေးတွင် လှပသော ပန်းခြံကြီးများ၊ စိုက်ခင်းကြီးများနှင့် စိမ်းစိုကာ နေချင်စဖွယ်ဖြစ်သည်။ ထိုအိမ်၏ အရှေ့ဘက်တွင် ချောင်းကလေး တစ်ခုရှိပြီး ထိုချောင်းကလေးအထက်တွင် သစ်သားတံတားလေးတစ်ခုလဲ ရှိသည်။ ထို အိမ်လေး၏ ပတ်ဝန်းကျင်တွင် သာယာလှပသော သစ်တောလေးများ စိုက်ခင်းများနှင့် ၀န်းရံထားသဖြင့်မြင်မိသူတိုင်း ရင်သပ်ရှုမောဖြစ်ရမည်မှာ မလွဲပေ။ သို့သော် .. ထိုအိမ်လေးဘက်တွင် မည်သူမှ မလာကြ၊ မသွားကြပေ။ အကြောင်းမှာ ထိုအိမ်ကို ပိုင်ဆိုင်သော သူဌေးကြီး ဦးငွေမင်း ပိုင်ဆိုင်သောကြောင့်တည်း။

သူဌေးကြီးသည် ကပ်စေးနဲရုံမျှမက မည်သူကိုမျှလဲ အပေါက်လမ်းတည့်အောင် စကားပြောတတ်သူမဟုတ်ပေ။ သူ့ခြံတွင် အလုပ်သမားဟူ၍ များများမထား။ မည်သူတစ်ဦးတစ်ယောက်မျှလဲ မလုပ်ချင်။ သူဌေးကြီးအား ကြောက်ကြသောကြောင့်
ဖြစ်ပါသည်။ သို့သော်.. ထိုအပေါက်လမ်းမတည့် ကပ်စေးနဲသော သူဌေးကြီးတွင် မမိုးဇာ ဆိုသော အစေခံတစ်ယောက်တော့ ရှိပါသည်။ တစ်အိမ်လုံး၏ စိုက်ပျိုးရေး၊ သန့်ရှင်းရေး အပြင် အစစအရာရာတာဝန်ယူရသော သူဖြစ်သည်။

ထိုသူဌေးကြီးတွင် အလွန်လှပချောမောသော သမီးကလေးတစ်ယောက်ရှိသည်။ ထိုသမီးလေး၏ မိခင်သည် မွေးဖွားပြီးသည်နှင့် ဆုံးပါးခဲ့သဖြင့် ထိုသမီးလေးအား ဒေါ်မိုးသူမှ နို့ချိုတိုက်ကျွေး ပြုစုခဲ့သည်။ သမီးလေး၏ နာမည်မှာ ရွှေစင်သွန်း ဖြစ်သည်။ နာမည်နှင့် လိုက်ဖက်အောင်ပင်
သမီးလေးမှာ ရွှေအဆင်းကဲ့သို့ လှပလွန်းသည်။ ထိုသမီးလေးကို မည်သူမျှ မမြင်ဖူးချေ။

ထိုသမီးလေးနှင့် နို့စို့ဖက်ဖြစ်သူမှာ ဒေါ်မိုးသူ၏သား မောင်လူမွန်ဖြစ်သည်။ သူသည် ထိုခြံ၏ ပန်းခင်းများကိုတာဝန်ယူရသူဖြစ်သည်။ သိတတ်စအရွယ်မှ စ၍ ထိုခြံ၏ပန်းပင်များကို သူ စိုက်ပျိုးခဲ့သသည်။ သို့သော် ထိုအိမ်ထဲသို့ တစ်ခါမှ မရောက်ဖူးပါချေ။ ထိုအိမ်ထဲသို့ ၀င်ရန်လဲ သူ စိတ်မကူးခဲ့ပါ။

ရာသီစက်ဝန်း အလီလီပြောင်းလာသည့်အတွက် မောင်လူမွန်နှင့် ရွှေစင်သွန်းတို့မှာ ဆယ့်ခြောက်နှစ်အရွယ်သို့ရောက်လာကြသည်။ မောင်လူမွန်သည်လဲ ယောက်ျားပီသကာ ချောမာသကဲ့သို့ ရွှေစင်သွန်းမှာလဲ နတ်သမီးလေးတမျှ လှပလွန်းသည်။ တစ်နေ့ ....

"ဒေါ်မိုးဇာ ... "

"အမိန့်ရှိပါ သခင်ကြီး "

" အင်း .. ဟို ငါ့သမီးရဲ့ အခန်းပြတင်းပေါက်က ကြည့်ရင် လှပတဲ့ပန်းခင်းတစ်ခု ကို မြင်တွေ့ရအောင် လုပ်နိုင်ပါသလား "

"ဟုတ်ကဲ့.. ဘယ်လိုပန်းမျိုးကို မြင်တွေ့စေချင်ပါသလဲ သခင်ကြီး"

" အင်း .. ဒေါ်မိုးဇာ လှမယ်ထင်တာကို စိုက်လေ.. သမီးလေး နှစ်သက်မယ် ထင်တာကိုပေါ့.."

" ကောင်းပါပြီ ကျွန်မ သမီးလေး ဘာပန်းကို နှစ်သက်လဲဆိုတာ မေးစမ်းကြည့်ပြီး စိုက်ပါ့မယ် သခင်းကြီး "

" အေး.. အေး .. "

သို့နှင့်ဒေါ်မိုးဇာ အိမ်ကြီးထဲသို့ ၀င်လာခဲ့သည်။ ဒီအိမ်ကြီးတွင် အပြင်လူဆိုလို့ သူမတစ်ယောက်သာ ၀င်ခွင့်ရှိသည်။ အိမ်အပေါ်ထပ်ရှိ သမီးလေး အခန်းသို့ လာခဲ့သည်။ အခန်းရှေ့ရောက်လျှင် ..

" ဒေါက် .... ဒေါက် ... ဒေါက် .."

" ဘယ်သူလဲ "

" အမေဇာပါ သမီးလေး "

" အော်... အမေဇာ လာလေ သမီးတံခါး စေ့ထားရုံပါ "

" အင်း "

တံခါးကို ညင်သာစွာဖွင့်ပြီး ၀င်လာခဲ့သည်။ သမီးလေးက မှန်စင်ရှေ့တွင် ထိုင်ကာ ငေးနေရှာသည်။

" သမီးလေး နေမကောင်းဘူးလား ဟင် "

" ကောင်းပါတယ်.. သမီးလေ ဟိုး အပြင်ဘက်ကို ထွက်ကြည့်ချင်လိုက်တာ.. "

" သမီးရယ် ... ထွက်ရမှာပေါ့ တစ်နေ့ကျရင်..."

" ဖေဖေက ဘာလို့ သမီးကို အဲလိုသော့ခတ်ထားတာလဲဟင်"

" သမီးလေးက ငယ်သေးလို့ စိတ်မချလို့ပေါ့"

" သမီးက ကလေး မဟုတ်တော့ဘူးလေ အမေဇာရဲ့ ၊ ဆယ့်ခြောက်နှစ်တောင် ရှိနေပြီ"

" သြော် သမီးရယ်.. အမေဇာ မျက်လုံးထဲမှာတော့ သမီးက ငယ်ငယ်လေးပဲ ရှိသေးတယ် "

" ဟာ... သမီးအပြင်ကို မြင်ဖူးချင်တယ်.. "

" အင်း မြင်ဖူးရမှာပေါ့ .. သမီးအတွက် အမေဇာက လက်ဆောင်လေးပေးမလို့ "

" တကယ်နော် .. အမေဇာ သမီးကို မညာရဘူးနော် "

" မညာပါဘူးကွယ်.. ကဲ သမီးက ပန်းတွေထဲမှာ ဘယ်ပန်းကို ကြိုက်လဲ "

" နှင်းဆီပန်း "

" အင်း ဒါဆို နောက် ( ၇ ) ရက်နေရင် သမီးပြတင်းပေါက် ကနေ ဖွင့်ကြည့် နှင်းဆီ ပန်းခင်းတွေ့ရမယ် "

" တကယ်နော် "

" ၀မ်းသာလိုက်တာ.. သမီးအရမ်းဝမ်းသာတယ်သိလား .. အဲပန်းခင်းက တော်တော် ကို လှမှာပဲနော် "

" အင်းပေါ့ ၊ ကဲကဲ သမီးလေး နားလိုက်အုံးနော်.. အမေဇာ အလုပ်သွားလုပ်လိုက်အုံးမယ်"

" ဟုတ်ကဲ့ "

သမီးလေးကို နှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်တွင် သားလေးက စောင့်ကြိုလျှက်.. ။ အိမ်ပြန်လာတိုင်း သားလေးမျက်နှာ ကို မြင်ရသည်နှင့် ရင်ထဲတွင် အေးချမ်းသွားစေသည်။

" သား "

" မေမေ ပြန်လာပြီလား .. သား မေမေ့ကိုစောင့်နေတာ "

"အင်း သခင်ကြီးက ပန်းခင်း တစ်ခု လုပ်ရမယ်ဆိုလို့ ပါ "

" ဟုတ်လား ဘာပန်းခင်းလဲ မေမေ"

" အင်း နှင်းဆီပန်းခင်းပါ "

" မေမေ သား တာဝန်ယူတယ် .. သားစိုက်မယ်နော် "

" အင်းပါသားရယ် ... "

" သား အလှဆုံးဖြစ်အောင် စိုက်မယ်နော်.. "

" အင်း ကဲလာ ထမင်းစားကြမယ် "

ဒေါ်မိုးဇာ တို့သားအမိက ဆင်းရဲနွမ်းပါးပါသည်။ ထို အိမ်ကြီးနှင့် သူတို့အိမ် ကို မြစ်လေးတစ်ခုက ခြားထားသည်။ မြစ်လေးပေါ်က တံတားကို ကူးကာ တစ်ဖက်အိမ်သို့ သွားရသည်လေ။

ဒီနေ့ မောင်လူမွန်တစ်ယောက် တစ်ဖက်အိမ်ကြီးတွင် ပန်းခင်းစိုက်ရန် လိုအပ်သော ပန်းအိုး ပန်းပင်များနှင့် ပေါက်ပြားတစ်လက်ယူကာ မနက်အစောကြီးထဲကလာခဲ့သည်။ ထိုပြတင်းပေါက်နှင့် ညီမျှသည့်အနေအထားတွင် မြေများကို စတင်ရှင်းလင်းကာ ပန်းစိုက်သည်။ အရောင်အသွေးစုံလင် လှသော နှင်းဆီ ပန်းများကို ကိုယ်တိုင်ရွေးချယ်ကာ ကြိုးစားအားထုတ်စိုက်ပျိုးထားသောကြောင့် ငါးရက်အတွင်းနှင့် ထို ပန်းခင်းလေးကို အပြီးစိုက်နိုင်ခဲ့သည်။ ခုတော့ စိမ်းစိမ်းစိုစိုလေးနှင့် သိပ်ကိုလှပတဲ့ ပန်းဥယာဉ်လေးဖြစ်နေပြီ။

" သားလေး ခဏလာပါအုံး .. မေမေ ပြောစရာရှိတယ် "

" ဟုတ်ကဲ့ "

" မနက်ဖြန်ဆို (၇) ရက်ပြည့်ပြီ၊ ဒီတော့ သား မနက်မိုးမလင်းခင်နဲ့ ညမိုးချုပ်မှသာ ဒီစိုက်ခင်းမှာ ရေလာလောင်းရမယ် "

" ဟုတ် သား လိုက်နာပါ့မယ် "

" အင်း အဲထက်စောပြီးလဲ မသွားရဘူး .. နောက်ကျပြီးလဲ မသွားရဘူးနော် "

" ဟုတ် .. သားမသိလို့ တစ်ခု မေးချင်တယ် ရမလား မေမေ "

" အင်း "

" ဘာလို့ အဲအချိန်မှ သွားစေတာလဲဟင် "

" အကြောင်းရှိလို့ပေါ့သားရယ်.. မေမေ့စကားနားထောင်ပါ.. မဟုတ်ရင် မေမေတို့ အတွက် မကောင်းဘူး "

" သားနားလည်ပါတယ် "

" အင်း အင်း .. ကဲ သွားနားတော့နော် "

" ဟုတ်ကဲ့ မေမေ "

ထိုနောက်ပိုင်း မောင်လူမွန်တစ်ယောက် ပန်းပင်များရေလောင်းလျှင် မိုးမလင်းခင်နှင့် ညပိုင်း မိုးချုပ်မှသာ သွားတော့သည်။ ကျန်သည့်အချိန်တွင် အိမ်တွင်သာ စိုက်ခင်းနှင့် အလုပ်ရှုပ်နေလေသည်။ ထိုအိမ်ကြီးနှင့် သူ မပတ်သက်သလိုပင်။

မိုးလင်းလာသည်နှင့် ပြတင်းပေါက်လေးကို ဖွင့်ကာ အောက်ကိုကြည့်မိ သည်နှင့် လှပသော ရောင်စုံနှင်းဆီခင်းလေးက စိတ်ကိုအေးမြစေသည်။ ခုရက်ပိုင်း တွင် ဖေဖေ သည် ရွှေစင်အား ပန်းခင်းထဲတွင်စိတ်ကြိုက်သွားလာ ဆော့ခွင့်ပြုထားသည်မို့ မိုးလင်းသည်နှင့် အမေဇာ ကျွေးသော မနက်စာကို စားပြီးလျှင် မိုးချုပ်သည်အထိ ထိုပန်းခင်းမှာပင် နေလေ့ရှိသည်။ ရွှေစင် စိတ်ဝင်စားသည်က မိုးလင်းလို့ အောက်ကို ဆင်းလာချိန်ုတိုင်း ပန်းပင်လေးတွေက ရေလောင်းထားပြိးကာစ ဖြစ်နေသည်။ ဘယ်သူလာလောင်းတာပါလိမ့်။ ရွှေစင်ချောင်းကြည့်မှဖြစ်မည်။ သို့နှင့် ရွှေစင် ချောင်းကြည့်ရန်ပြင်ဆင်ထားမိသည်။ သို့သော်.. တစ်နေ့မှ မတွေ့ပါလေ။

တစ်နေ့ ....။
ထိုတစ်နေ့တွင် .....

မေမေက နေမကောင်းဖြစ်သည်မို့ မေမေ့အစား သူ အလုပ်သွားရ မည်။ ခြံထဲတွင် ရှင်းလင်းကာ ပြန်လာရမည်။ သူ ဓားတွေယူကာ တစ်ဖက်ခြံသို့ ကူးလာခဲ့သည်။
ခြံထဲသို့ရောက်လျှင် သူ့နှင်းဆီခင်းလေးကို သတိရတာကြောင့် သွားကြည့်ရန် ခြေ လှမ်းပြင်လိုက်မိသည်။

ဟင် ... ။

လှပတဲ့ အရိပ်တစ်ခု။ ပန်းနုရောင်အရိပ်လေးက ပြေးလွှားနေသည်မှာ မျက်တောင်
ခတ်ဖို့ပင် မေ့နေခဲ့သည်။ ဒါကြောင့် မေမေက မလာခိုင်းတာလား .. ။ သူက နတ်လား ... လူလား ..။ သူ မတွေးတတ်။ အတန်ကြာသည်အထိ သူငေးကြည့်နေရင်း မှ ခြံထဲသို့ မြက်ရှင်းရန် ထွက်လာခဲ့သည်။ သူ့စိတ်ကတော့ ပန်းခင်းလေးဆီမှာ .... ။

ဒီနေ့ မေမေ့အတွက် ဆေးတွေ လုပ်ပေးနေရသည်မို့ သူ ပန်းခင်းဆီသို့ နဲနဲနောက်ကျမှ ရေလာလောင်းဖြစ်သည်။ အပြေးအလွှားရေးပတ်လောင်းမှဖြစ်မည်။ ခဏနေလျှင် နတ်သမီးလေး ဆင်းလာမှာလေ။ သူ့ကိုတွေ့လို့မဖြစ်ပါ။ သူသာ ထိုသို့တွေးနေသော်လဲ ...

ပျင်းသည်မို့ ရွှေစင်သွန်းတစ်ယောက် ပြတင်းပေါက်လေးဖွင့်ကာ အောက်ထပ်မှ ပန်းခင်းဆီလှမ်းကြည့်မိသည်။ ထိုစဉ်...

ဟယ် ...

ယောက်ျားပျိုလေး တစ်ယောက်ပါလား .. ။ ကျစ်လျစ်သန်မာသော ကိုယ်နေဟန် အချိုးစားများနှင့် တော်တော်ကို ကြည့်ကောင်းသည့်ကိုယ်ဟန်မျိုး ။ ရွှေစင်ကြည့်နေဆဲမှာပင် သူ့မျက်နှာက ဒီဘက်လှည့်လာသည်မို့ ဟယ် .... ချောလိုက်တာလို့ရင်ထဲမှ မှတ်ချက်ချလိုက်မိသည်။ ကြည့်ကောင်းကောင်းနှင့် ဆက်ကြည့်နေစဉ်... အပေါ်ထပ်သို့ မော့ကြည့်လာသော ထိုလူမျက်လုံးများနှင့် ဆုံမိသည်။ သူမရင်တွေ တဒိန်းဒိန်းမြည်အောင် ခုန်သွားတော့သည်။ ထို့အတူပင် ပန်းပင်လေးများရေလောင်းရင်းနှင့် ထိုတံခါးကို ဘယ်တော့မှ မဖွင့်ဖူးသည် မို့ မော့အကြည့် လူမွန်မျက်လုံးများ မယုံနိုင်အောင် ဖြစ်သွားရသည်။ နတ်သမီးတမျှလှပသော မိန်းမချောလေးက ဒီတိုက်ခန်းမှာနေတာပါလား ... ။ မြင်မြင်ချင်း မေတ္တာသက်ဝင်ချစ်ခင်မိလေသည်။

ဒီလိုနှင့် မေမေနေပြန်ကောင်းသော်လည်း သူတို့နှစ်ယောက်ကမူ တစ်နေ့ထက်တစ်နေ့ပိုရင်းနှီးနေလာသည်ကိုတော့ ဘယ်သူမှ မသိကြပါလေ။ ဒီနေ့ လပြည့်ညမို့ သူ ရေထမ်းပိုးလေးယူကာ စိုက်ခင်းရေလောင်းရန် ထွက်ခဲ့သည်။ သူချစ်ခင်သည့် မိန်းကလေးကစားရာနေရာမို့ ရေတွေကို ဂရုတစိုက်လောင်း ရင်း ပြတင်းပေါက်သို့မော့ကြည့်မိသည်။ အဖြူရောင်အရိပ်လေးတစ်ခုက သူ့အား လက်ပြနေသည်ကို အံ့သြစွာတွေ့ရလေသည်။ သူ မျက်လုံးများ မမှိတ်နိုင်သေးခင် ထိုအရိပ်လေးက သူ့ဘေးသို့ ရောက်လာသည်။

" ရှင်က ဘယ်သူလဲ"

" ဒီပန်းခင်းကို စိုက်ခဲ့သူပါ "

"ဟုတ်လား .. ကျေးဇူးတင်တယ်.. ဒီပန်းခင်းကို ရွှေစင် အရမ်းချစ်တယ် "

" ၀မ်းသာပါတယ် .. "

" ရှင့်နာမည်က ... "

" လူမွန် ပါ "

" အဆန်းပဲနော် .. ရွှေစင့် နာမည်က ရွှေစင်သွန်း "

" လှလိုက်တာ.. "

"ရှင် .. "

"အော်.. နာမည်ကလှသလို လူကလဲ အပြစ်ဆိုစရာ မရှိအောင် လှပါတယ် လို့ ပြောတာပါ "

"အော်... ရွှေစင်တို့ မမြင်ဖူးကြဘူးနော် "

" အင်း ဟုတ်တယ်နော် ၊ ရွှေစင်က ဒီမှာနေတာလား "

"အင်း .. ငယ်ငယ်ထဲက အပြင်ကို တစ်ခါမှ မထွက်ဖူးဘူး "

" ဘာလို့လဲ "

" မသိဘူး အပြင်ကနေ သော့ခတ်ထားတယ် ဖေဖေက .."

" အော် ........ "

" ကိုလူမွန်ကရော ဘယ်မှာနေတာလဲ "

"ဟိုမြစ်လေးကို တွေ့လား "

" အင်း "

" အဲမြစ်ရဲ့ ဟိုဘက်ကမ်းမှာနေတယ် "

"အဲမှာ ပျော်လားဟင် "

"အင်း "

" ရွှေစင်လဲ ရောက်ဖူးချင်တယ် "

" တစ်နေ့တော့ရောက်မှာပေါ့ .. ကဲ ခုတော့ အပေါ်ပြန်တက်တော့နော် ကျွန်တော်လဲ ပြန်တော့မယ် "

" ဒါနဲ့ .. "

" ပြောပါ "

" ရွှေစင်တို့ ညတိုင်းဒီလိုပဲ တွေ့လို့ရမလားဟင် "

" သြော် ... ရွှေစင်ရယ် ... "

" ပြောပါ ... ရမလားလို့ "

" လူကြီးတွေ့ရင် ခက်ကုန်မယ် .. မဖြစ်ဘူးထင်ပါတယ် "

"ဒါဆိုလဲ ရွှေစင် အပေါ်မတက်တော့ဘူး ဒီမှာပဲထိုင်နေမယ် "

ပြောပြောဆိုဆို နှင်းဆီခင်းဘေးက မြက်ခင်းပြင်ပေါ်ထိုင်ချလိုက်တာကြောင့် သူမျက်လုံးပြူးသွားသည်။ သခင်ကြီးနှင့် မေမေ လာတွေ့ရင်ဖြင့် မိုးမီးလောင်နိုင် သည်။ နောင်ခါလာ နောင်ခါဈေး မီးစင်ပဲ ကြည့်ကရတော့မည်။ ခုတော့ အမြန်တက်ခိုင်းမှဟု တွေးကာ

" ကဲပါ နောက်နေ့လဲ ဒီလိုပဲတွေ့ကြမယ်.. ခုတော့ အပေါ်ထပ်ကိုတက်တော့နော် "

" တကယ်နော် လူကြီးဆိုတာ မညာရဘူး "

" မညာပါဘူး .. မနက်လဲ ဒီမှာပဲတွေ့မယ် ဟုတ်ပြီလား "

" အင်း "

" ကဲ သွားတော့ "

သူ့စကားဆုံးသည်နှင့် အပေါ်ထပ်သို့ ပြေးတက်သွားသော အဖြူရောင် မင်းသမီးလေးကို အရိပ်လေးပျောက်သည်အထိ လိုက်ကြည့်နေမိသည်။ အနီးတွင်တွေ့ရမှ သူမ ဘယ်လောက်လှတာကိုပိုပြီးသိလိုက်ရသည်။ အပြစ်ဆို လို့ မြူတစ်မှုန်ပင်မရှိ ။ ထိုမျှ လှသော သူမကို ဒီမှာ ဘာကြောင့် မတွေ့တာလဲ ဆိုတာတော့ သူမတွေးတတ်ပါ။ အတွေးများနှင့် သူ ပြန်လာခဲ့သည်။

ဒေါ်မိုးဇာ တစ်ယောက် စိတ်ပူနေမိသည်။ သားလေး မောင်လူမွန်နှင့် သမီးလေး ရွှေစင်သွန်း နှစ်ယောက်လုံး အရွယ်ရောက်နေပြီ။ သမီးကလဲ လှပတင့်တယ်ချစ်စဖွယ်ဖြစ်သလို သားကလဲ ချောမောလှပသည်။ သူတို့နှစ်ဦး ဆုံလို့မဖြစ်။ နှစ်ယောက်လုံး ဒုက္ခတွေရောက်ကုန်မည်။ သားလေးကို တားမှ ဟု တွေးကာ...

"သားလေးရေ.. "

"ဗျာ "

" လာအုံးကွယ် "

" ဟုတ်"

သူမအနားကို သားလေး လာထိုင်သည်။ သားမျက်နှာကို သေချာကြည့်ကာ

" သား မနက်ဖြန်ကစပြီး စိုက်ခင်းမှာ ရေမလောင်းနဲ့တော့ "

"ဗျာ... "

" အမေပဲ လောင်းမယ် .. သား မလုပ်နဲ့တော့နော် "

" ဟုတ်ကဲ့ "

သူ ဘာပြောခွင့်ရှိမှာလဲ။ မေမေက မသွားနဲ့ဆို မသွားရုံသာ .. ။ ဒါပေမယ့် ရွှေစင့် ကိုတွေ့ချင်သည်။ဘယ်လိုလုပ်ရမှန်းမသိ။ အကြိမ်များစွာတွေ့ရင်း သူတို့နှစ်ယောက် ချစ်သူဖြစ်ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်မခွာရက်ချစ်သည်။ ဘယ်လိုပြောပြရမည်မှန်းမသိ။

" သား မေမေပြောတာကြားလား "

"ဟုတ် ကြားပါတယ် "

" အင်း "

"သား ဒီနေ့တော့ ရေသွားလောင်းမယ်နော်.. "

"သွားပါကွယ် .. သတိလဲထားပေါ့ "

"ဟုတ်ကဲ့ "

သူ ရေပုံးလေးကို ယူကာ ထွက်လာခဲ့သည်။ စိတ်ထဲတွင် မရွှင်လန်း။ သူ စိုက်ခင်းက ပန်းပင်တွေကို ရေလောင်းနေစဉ် နောက်ကျောမှ ဖက်လာသော လက်တစ်စုံကြောင့် သူရေပုံးချကာ ရပ်လိုက်သည်။

" ကိုကို ရေလောင်းပြီးပြီလား "

" အင်း ပြီးပြီ "

" စကားပြောမယ် ဒါဆို "

"အင်း .."

သူ ရွှေစင်လက်ကိုဆွဲကာ ဘေးက မြက်ခင်းပေါ်ထိုင်ချလိုက်သည်။ ထိုနေရာကို ဘယ်ဘက်က ကြည့်ကြည့် သူတို့အားတွေ့မည်မဟုတ်။ ထို့ကြောင့် ထိုနေရာမှာသာ သူတို့ စကားပြောကြသည်။ ခုတော့ သူဘာပြောရမှန်း မသိဖြစ်နေသည် မို့ ငြိမ်နေ မိသည်။

" ကိုကို ငြိမ်လှချည်လား ဘာလဲ မပြောဘူး"

" ဘယ်က စပြောရမှန်းမသိဘူးကွာ "

" ကြိုက်တဲ့နေရာက စပြောပေါ့ "

သူ ရွှေစင်ဘက်ကို လှည့်ကာ ရွှေစင်အား ဖက်ထားမိသည်။ ပြီးမှ တိုးလျသော အသံလေးနှင့်

" ကိုကိုတို့ ဒီနေ့ နောက်ဆုံးတွေ့ခွင့်ရတာပဲ.. နောက်နေ့တွေဆို မတွေ့ရတော့ဘူး "

"ဟင် .. ဘာဖြစ်လို့လဲ .. ဘာဖြစ်လို့လဲ "

"အင်း မေမေ မလာခိုင်းတော့လို့ "

" ဘာလို့ မလာခိုင်းတာလဲဟင် .. အမေဇာ သိသွားတာလားဟင် "

"မသိပါဘူး ဒါပေမယ့် စိုးရိမ်လို့နေမှာပါ "

" ရွှေစင် ကိုကို့ကို မတွေ့ရင်ရင် ရူးသွားမှာပေါ့ .. ရွှေစင်မှာ ချစ်စရာ စကားပြောစရာ .. အဖော်ဆိုလို့ ကိုကိုတစ်ယောက်ပဲရှိတာ .. ရွှေစင့်ကို ခေါ်သွားပါလားဟင် .. "

" ရွှေစင်လေးရယ် .. "

" နော် ကိုကို ..ရွှေစင် ဒီတိုက်က အခန်းထဲမှာ တစ်ယောက်ထဲ ထပ်မနေချင်တော့ဘူး .. ရွှေစင် ကိုကိုနဲ့နေချင်တယ် "

" တစ်နေ့ နေရမှာပေါ့ .. ကိုကို ကြိုးစားမယ် ခုတော့ အဲတိုင်းပဲ နေကြမယ်နော် "

" ကိုကို့ကိုတွေ့ချင်တယ် ရွှေစင် ဘယ်လို လုပ်ရမလဲ "

" အင်း ဒါဆို ညတိုင်း ကိုကို ဟို မြစ်က တံတားလေးဘေးမှာ စောင့်နေမယ် "

" ရွှေစင် လာမယ် နော် စောင်နေနော် ရွှေစင်မရောက်ပဲ မပြန်ရဘူးနော် "

" အင်း ..."

သူ ရွှေစင့်ကိုယ်လေးကို ရင်ခွင်ထဲတွင်ထားတာ ကြင်နာစွာ ဖက်ထားမိသည်။ ရွှေစင် ဘ၀မှာ ယောက်ျားလေးဆိုလို့ သူ့ကိုသာ မြင်ဖူးသည်။ သူ့ကိုသာ အရူးအမူး ချစ်ခဲ့သည်။ သူ့ကိုသာ အားကိုးတကြီး တွယ်တာလွန်းသည်။ သူတို့ချစ်သူတွေဖြစ်မှန်း သိသွားရင် သူဆက်မတွေးရဲတော့ .... ။

" ကိုကို ပြန်တော့မယ်နော် "

"ဟုတ် မနက်ဖြန် တံတားဘေးမှာ စောင့်နေနော် "

"အင်း စောင့်နေပါ့မယ် "

"အရမ်းချစ်တယ် "

" တူတူပါပဲကွယ် "

သူ ရွှေစင့်ပါးကိုနမ်းကာ လွှတ်ပေးလိုက်သည်။ ရွှေစင်ကသူ့ကို နှုတ်ဆက်ကာ သူ့အနားမှ ဖြည်းညှင်းစွာ တိုက်ဆီသို့ ပြန်သွားလေသည်။ သူလဲ အိမ်သို့ ပြန်ခဲ့သည်။ အိမ်ရောက်သည်နှင့် အိပ်ရာသို့ တန်းသွားလိုက်သည်။ သူ့ရင်တွေ မချမ်းမြေ့ပါ။

ဒီလိုနှင့် သူတို့နှစ်ယောက် ညစဉ်မြစ်ကမ်းဘေးတွင် တွေ့ဖြစ်ကြသည်။ လအတန်ကြာသောအခါ သူတို့နှစ်ဦးချစ်တာကို သူဌေးကြီးက သိသွားခဲ့လေသည်။ ထိုနေ့က သူ စိုက်ခင်းနှင့် ပျိုးခင်းများကို ရေလောင်းရန် မေမေခိုင်းထားသောကြောင့် အစောကြီး ဟိုဘက်အိမ်သို့ရောက်ခဲ့သည်။ သူစိုက်ခင်းများကို ရေလောင်းနေစဉ် တိုးလျသော ခြေသံတို့ကြောင့် လှည့်ကြည့်မိရာ ရွှေစင်ဖြစ်နေသည်။

" ဟာ .. ရွှေစင် ဘာလို့ ဆင်းလာတာလဲ ၊ ခြေဖ၀ါးတွေတော့ သွေးထွက်တော့မှာပဲ "

" ကိုကို့ ကို တွေ့ချင်လို့ ဆင်းလာတာလေ "

" ဒါတော့ ဒါပေါ့ .. သူဌေးကြီး သိသွားမှဖြင့် ရွှေစင်ရယ် .. "

" မသိပါဘူး ဖေဖေ မြို့ထဲသွားတယ် "

" အင်း.. ဒါဆိုလဲ ဒီမှာပဲ ထိုင်နော် .. စိုက်ခင်းတွေ ရေလောင်းအုံးမယ် "

"ဟုတ်.. ကိုကို့ကို မြင်နေရရင် ပြီးရော "

"အင်းပါကွာ "

သူ ရွှေစင့်ပါးကိုတစ်ချက် နမ်းကာ စိုက်ခင်းကို ရေဆက်လောင်းလေ သည်။ ရွှေစင် ကတော့ လက်ပေါ်မှေးတင်ကာ သူ့အား ကြည့်နေလေသည်။ သူရေလောင်းရင်း လှည့်ကြည့်ကာ ပြုံးပြတိုင်း ရွှေစင်က ချစ်စဖွယ် ပြန်ပြီးပြုံးပြတတ်သည်။ သူ ရေလောင်းပြီးလျှင် ရွှေစင့်အနား လာထိုင်လိုက်သည်။ အုပ်ဆိုင်းသော သရက်ပင်အောက်တွင် သူတို့နှစ်ယောက်အတူယှဉ်ထိုင်ကာ ရွှေစင်က သူ့ပုခုံး ကို မှီထားလေသည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်မ၀စွာ ချစ်စကားတွေ တွတ်တီပြောနေချိန်တွင် မြို့ထဲသွားသော သူဌေးကြီး ပစ္စည်းတစ်ခု ကျန်သဖြင့် ပြန် လာယူချိန်နှင့် တိုးလေသည်။ သူဌေးကြီးသည် သူ့သမီးအခန်းသွားကြည့်ရာ မရှိသဖြင့် နှင်းဆီခင်းသို့လှမ်းကြည့်သည်။ ထိုနေရာတွင်လဲမရှိသဖြင့် ပတ်ရှာရာ သရက်ပင်အောက်တွင် ထိုင်နေသော သူတို့နှစ်ယောက်ကိုတွေ့သဖြင့် အလွန်အမင်းဒေါသဖြစ်ကာ ဆူပူလေတော့သည်။ သူ့ကိုလဲ အတင်းနှင်ကာ ရွှေစင့် ကိုလဲ ဆွဲခေါ်သွားလေသည်။ နောက်ရက်မှ စကာ သူနှင့်ရွှေစင်တို့ မတွေ့ဖြစ်တော့ ။
သူ့ကိုလဲ ထိုအိမ်ကို မေမေက မသွားခိုင်းသလိုရွှေစင်ကိုလဲ အခန်းထဲက အပြင်ကို ပေးမထွက်စေတော့ .. ။ မေမေကတော့ ..

" သားရယ်... ဘာလို့ ရွှေစင့်ကိုမှ သွားချစ်ရတာလဲ .. "

"သားမှာ အဖြေမရှိဘူး မေမေ "

" သူဌေးကြီးက သားကို နောက်တစ်ခါ အဲအိမ်ကို မလာရဘူးတဲ့၊ ပြီးတော့ နှင်းဆီခင်း စိုက်ထားတဲ့ ဘက်က ပြတင်းပေါက်ကိုလဲ အသေပိတ်လိုက်တယ်၊ သမီးလေးကို အခန်းထဲမှာ သော့ခတ်ထားတယ်၊ သားတို့နှစ်ယောက်သာ မတွေ့ခဲ့ကြရင် ခုလိုဖြစ်ကြမှာမဟုတ်ဘူး "

" ပြီးတာတွေကို ထားလိုက်ပါတော့ မေမေရယ်... သား ခု စိတ်မချမ်းမြေ့လို့ သွားခွင့်ပြုနော် "

"သားရယ် ... "

သူမကိုနှုတ်ဆက်ကာ မြစ်ကမ်းဘေးသို့ဆင်းသွားသော သားကို ကြည့်ကာ တစ်ဖက်အိမ်သို့ သွားရန်ပြင်လိုက်သည်။ သမီးလေး ဘယ်လိုနေသည်မသိ။

"ဒေါက်.. ဒေါက် ..."

" ဘယ်သူလဲ "

" အမေဇာပါ သမီးရယ် ... "

"ဂျောက် "

အသံနှင့်အတူ တံခါးလာဖွင့်ကာ သူမကို မြင်သည်နှင့် ဖက်ကာ ငိုလေသည်။

" သမီးရယ် ..."

"အမေဇာ သမီးကို မကူညီနိုင်ဘူးလားဟင် .. သမီး ကိုကိုနဲ့တွေ့ချင်တယ် .. ကိုကို့ကို လွမ်းတယ် "

" အခြေအနေက အဲလောက်မလွယ်ဘူးသမီးလေးရယ်... "

" ဟင့် ဟင့် ဟင့် "

" မငိုပါနဲ့ .. လာ ဒီမှာ အမေဇာ သမီးအတွက် စားစရာပြင်လာပေးတယ် "

" မစားချင်ဘူး၊ ကိုကို့ကို ခေါ်ပေးပါ "

" အဲလို မလုပ်ရဘူးလေ .. သမီးနေမကောင်းရင် သမီးကိုကိုနဲ့ ဘယ်တွေ့ရတော့မှာလဲ မဟုတ်ဘူးလား "

"မသိဘူး၊ ကိုကို့ကိုတွေ့ချင်တယ် "

"သမီးရယ်... "

ဘာကျွေးကျွေးမစား။ ဘာပြောပြောနားမထောင်။ ကိုကိုဟုသာ အမြဲခေါ်နေကာ ကြာတော့ အိပ်ရာထဲ လဲလေတော့သည်။ ဒေါ်မိုးဇာတစ်ယောက် သမီးကိုပဲ ပြုစုရနိုး.. သားကိုပဲပြုစုရနိုးနှင့် ဒုက္ခတွေ့လေတော့သည်။ သားလေးကလဲ ဘာမှမစား တမှိုင်မှိုင်နှင့် အိပ်ရာထဲ လဲလေတော့သည်။ ဒီတိုင်းဆိုလျှင် နှစ်ယောက်လုံးအတွက် မကောင်း။ တစ်ခုခုလုပ်မှ ဖြစ်မည်။

" သမီးလေး ဒါလေးစားလိုက်နော် "

"မစားချင်ဘူး .. ကိုကို့ကိုခေါ်ပေးပါ အမေဇာရယ်.. သမီး ကိုကို့ကိုတွေ့ချင်လို့ပါ "

ပြောပြောဆိုဆို မျက်ရည်ဥကြီးတွေက ကြွေကျလာသည်မို့ ဒေါ်မိုးဇာရင်ထဲ နင့်နေအောင် ခံစားရသည်။

" ခေါ်ပေးမှာပေါ့.. သမီးကိုကိုက သမီးနေကောင်းအောင်နေလို့ အမေဇာကို မှာခဲ့တယ်။ ပြီးတော့ အားမငယ်နဲ့တဲ့ "

"တကယ်လားဟင် .. အမေဇာ တကယ်ပြောတာလား "

"တကယ်ပေါ့ .. နေကောင်းအောင်နေတဲ့ "

ကိုကိုဟု အသံကြားတာနှင့် သူမပေးသော ဆန်ပြုတ်ကို အားလုံးသောက်ချ လိုက်သည်။ ပြီးတော့

" ကိုကိုရောနေကောင်းလား .. သူဘာတွေလုပ်နေလဲဟင်.. သမီးတွေ့ချင်လိုက်တာ အမေဇာရယ် "

" တွေ့ရမှာပေါ့ ကွယ် .. ကဲ ခု အိပ်ရေးဝအောင် အိပ်အုံးနော် ဘာမှမတွေးနဲ့ "

"ဟုတ် ကိုကို့ကိုပြောပေးနော် .. သမီးလွမ်းနေတယ်လို့ "

"အင်းပါကွယ် "

သမီးလေးကို ချော့သိပ်ကာ အိပ်ပျော်သည်အထိစောင့်နေပေးလိုက်သည်။ သမီးလေး အိပ်ပျော်မှ အိမ်ကို ပြန်လာကာ သားလေးကို ပြုစုရသည်။

" ဒီဆန်ပြုတ်လေးကို သောက်လိုက်ပါကွယ် .. သား အားရှိမှဖြစ်မှာပေါ့ "

" သား ဘာမှ မစားချင်ဘူး မေမေ "

"အဲလို မလုပ်ရဘူးလေ ... သားက ခုလိုနေတော့ သမီးလေးဆို ပိုဆိုးမှာပေါ့ "

"သား သူနဲ့တွေ့ချင်တယ် "

"ဒါဆို သား အစာစားမှရမှာပေါ့ ၊ သားတို့တွေ့ရမှာပေါ မေမေသိတယ် "

" ဟုတ် "

"ကဲ ဒါလေးစားနော်.. အားမငယ်နဲ့.. သမီးလေးလဲ သားလိုပဲနေမှာပါ "

သို့နှင့် ဒေါ်မိုးဇာ အပြောကောင်းသဖြင့် ကလေးနှစ်ယောက် နေပြန်ကောင်းစပြုလာ သည်။ ဒီနေ့ သခင်ကြီးအိမ်တွင် သိမ်းဆည်းစရာများသဖြင့် အစောကတည်းကပင် ထွက်လာခဲ့သည်။ သားကတော့ အိပ်နေလျှက် ... ။

" အမေဇာ"

"အင်း ပြောလေ သမီး "

" ရွှေစင် နှင်းဆီခင်းဆီ သွားချင်တယ် အမေဇာရယ် "

" အင်း သွားလေ.. သခင်ကြီးလဲ မရှိတော့ ခဏသွားပါ.. မြန်မြန်တော့ ပြန် လာနော်.. တော်ကြာ အမေဇာပါ မလာရဖြစ်နေမယ် "

"ရွှေစင်နားလည်ပါတယ် "

" အင်း ကောင်းပြီ ဂရုစိုက်နော် "

ထိုသို့သွားခွင့်ပြုခြင်းက သူတို့လေးတွေရဲ့အဆုံးသတ်ဆိုတာ သိခဲ့လျှင် လွှတ်ခဲ့မည် မဟုတ်ပေ။ သားလဲ အိမ်မှာ အိပ်နေသလို သခင်ကြီးလဲ မရှိသောကြောင့် လနဲ့ချီ အခန်းထဲနေခဲ့ရသော သမီးလေးကို သနားသဖြင့် အပြင်သို့ခဏပေးထွက် လိုက်ခြင်း ရယ်ပါ။

ရွှေစင် နှင်းဆီပန်းခင်းတွေကြား လမ်းလျှောက်ရင်းကိုကို့ကို သတိရလွန်းတာကြောင့် ငိုမိသည်။ နှင်းဆီပန်းတွေလဲ ခုတော့ ငိုနေသယောင်။ ရွှေစင် နှင်းဆီပန်းကြား ဟိုငေး သည်ငေးနှင့် မြစ်ကလေးကို မြင်တော့ သွားကြည့်ချင်စိတ်ဖြစ်ခဲ့သည်။ အမေဇာသိရင် သွားခိုင်းမှာမဟုတ်။ ထို့ကြောင့်မသိအောင် ခိုးထွက်လာခဲ့သည်။ ကိုကိုများ ရှိနေမလားလို့ရယ်ပါ။ မြစ်ကမ်းနားရောက်လျှင် ကိုကို့ကို အပြေးရှာသော်လည်း မတွေ့။ အင်းပေါ့လေ ရွှေစင်လာမယ်လို့မှ မပြောထားပဲ ဟု တွေးကာ အိမ်ဘက်သို့ပြန်ရန် ခြေလှမ်းပြင်ကာ တစ်လှမ်းချင်း လမ်းလျှောက်နေမိသည်။

ထိုအချိန်တွင် အိပ်ရာထဲ နေရသည်မှာ ညောင်းလာသဖြင့် အိပ်ရာမှထကာ မြစ်ကမ်း ဘက်သို့ထွက်လာခဲ့သည်။ ရွှေစင်ကိုတွေ့လိုတွေ့ငြားပါ။ တွေ့မည်မဟုတ်မှန်းသိသော်လဲ သူမျှော်လင့်ချင်ပါသေးသည်။ ထိုကြောင့် သူ တံတားလေးကိုကျော်ကာ တစ်ဖက်က ကမ်းလေးသို့ လာခဲ့သည်။ ကမ်းဘေးက ငှက်ပျောပင်တွေကြား ဟိုသည်ငေးရင်း သူ့မျက်လုံးတို့ရပ်တန့်သွားသည်။ ဟုတ်ပါသည်။ ဒါ ရွှေစင်ပါ.. သူသိပ်ချစ်သည့် ရွှေစင် .. ။ ငှက်ပျောပင်ကလေးကိုမှီကာ ငြိမ်နေသော သူမ အနားသို့ သူ တိုးသွားကာ ခေါ်လိုက်မိသည်။

" ရွှေစင် "

" ဟင် .. ကိုကို "

" ရွှေစင်ရယ် ... "

သူ မချိတင်ကဲဖြစ်ကာ ရွှေစင့်ကို ဖက်ထားမိလေသည်။ ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမကိုကြည့်ကာ ရင်ထဲတွင်ကြေကွဲစွာ ယူကြုံးမရဖြစ်မိသည်။ ဒီလောက်ထိ ပဲ ဖြစ်သွားခဲ့သလေသလား ချစ်သူရယ် .. ။

see more...
အားပေးမှုကိုကျေဇူးတင်လျက်
ကြိုးစားပါဦးမည်

လွမ်းဆုလေး 






thumbnail

အဆိပ်သင့်ရင်ခွင်


Download

ချစ်သူရေ...

မင်းဆီမှာခစား
ငါ့အချစ်များက
ငြိမ်းချမ်းခြင်းယူ
နွေးထွေးစေဖို့
အရာရာတိုင်းပေး
ပေးဆပ်ခဲ့တယ်။

မာနကင်းတဲ့
ငါ့ချစ်ခြင်းကို
မင်း မလိုလို့ထား ...
ထားရစ်ခဲ့ပေမယ့်
အလွမ်းတို့နဲ့ ဆွေး..
ဆွေးရင်းကျန်ခဲ့သူပါ။

ငြိမ်သက်ခဲ့ ငါ့ရင်ခုန်သံတို့
ဝမ်းနည်းမှု မှတ်တမ်းထက်မှာ
ကြေကွဲစွာနေရာယူကြ
တွေဝေခဲ့ မျှော်လင့်ချက်တို့
အထီးကျန် သိမ်ငယ်မှုနဲ့အတူ
အရာအားလုံး
တိတ်ဆိတ်စွာ သေဆုံးခဲ့ပေါ့။

ငါ့အနာဂတ်တွေသေဆုံး
ငါ့အိပ်မက်တွေ ပျက်သုန်း
ငါ့မာနတွေ ကျရှုံး
ငါ့လွတ်လပ်ခြင်းတွေ ဆုံးရှုံးခဲ့ရုံမက

သူစိမ်းဆန်ဆန် လှမ်းကြည့်လိုက်တဲ့
မင်းမျက်ဝန်းတွေအောက်မှာ
ငါ့ဘ၀တစ်ခုလုံး
အဆိပ်သင့် သေဆုံးနေခဲ့ပြီ ချစ်သူရယ်။
လွမ်းဆုလေး


Photo: ချစ်သူရေ... 

မင်းဆီမှာခစား 
ငါ့အချစ်များက 
ငြိမ်းချမ်းခြင်းယူ
 နွေးထွေးစေဖို့ 
အရာရာတိုင်းပေး 
ပေးဆပ်ခဲ့တယ်။

မာနကင်းတဲ့ 
ငါ့ချစ်ခြင်းကို 
မင်း မလိုလို့ထား ... 
ထားရစ်ခဲ့ပေမယ့် 
အလွမ်းတို့နဲ့ ဆွေး.. 
ဆွေးရင်းကျန်ခဲ့သူပါ။ 

ငြိမ်သက်ခဲ့ ငါ့ရင်ခုန်သံတို့ 
ဝမ်းနည်းမှု မှတ်တမ်းထက်မှာ 
ကြေကွဲစွာနေရာယူကြ 
တွေဝေခဲ့ မျှော်လင့်ချက်တို့ 
အထီးကျန် သိမ်ငယ်မှုနဲ့အတူ 
အရာအားလုံး 
တိတ်ဆိတ်စွာ သေဆုံးခဲ့ပေါ့။

ငါ့အနာဂတ်တွေသေဆုံး 
ငါ့အိပ်မက်တွေ ပျက်သုန်း
ငါ့မာနတွေ ကျရှုံး
ငါ့လွတ်လပ်ခြင်းတွေ ဆုံးရှုံးခဲ့ရုံမက

သူစိမ်းဆန်ဆန် လှမ်းကြည့်လိုက်တဲ့ 
မင်းမျက်ဝန်းတွေအောက်မှာ 
ငါ့ဘ၀တစ်ခုလုံး 
အဆိပ်သင့် သေဆုံးနေခဲ့ပြီ ချစ်သူရယ်။

လွမ်းဆုလေး 
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)

No Nane Rock တောင်းဆိုထားသော ကဗျာလေးကို တင်ပေးလိုက်ပါတယ်နော် .. သူငယ်ချင်းလေး အေးချမ်းပျော်ရွှင်နိုင်ပါစေ
thumbnail

စွန့်လွှတ်ခြင်း


Download

လူတစ်ယောက်ကို တကယ်ချစ်မိခဲ့ရင်သူ ဘယ်လိုပဲ ကိုယ့်အပေါ်စိမ်းကားပါစေ အလေးနက်မထားချင်နေပါစေ သူ့အနောက်က အရိပ်ပမာ အပြုံးမပျက် အရိပ်ပေးနေတတ်တယ်။

သူ သိအောင်ဖွင့်ပြောဖို့ မကြိုးစားသလို ကိုယ့်အတွက် အနှောင့်ယှက် မဖြစ်စေချင်တာကြောင့် တိတ်တဆိတ်မျိုသိပ်ရင်း သူ့ကို နားလည်ပေးနေတတ်တယ်။

သူ့ကို ပိုင်ဆိုင်ရဖို့ထက် သူပျော်နေရင် ဆိုတဲ့ အတွေးတွေက သူ့စိတ်မှာ နားခိုနေလို့
သဘောထားကြီးစွာ ခွင့်လွှတ်ပေးနိုင်ကြတယ်။

သူ ချစ်သည်မချစ်သည်ကိုမသိချင်ပေမယ့် တစ်နေ့မှာ ကိုယ့်အချစ်တွေကို မြင်ပါစေလို့တော့ ဆုတောင်းတတ်ကြတယ်။

လွမ်းဆုလေး
 


thumbnail

မျက်နှာဖုံးနဲ့ ငါ ..


Download

ငါ အချိန်တိုင်းရိုးသားခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့
ငါ ဟန်ဆောင်လိုက်ပါရစေ။

ငါ အမြဲ ဖြူစင်ခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့
ငါ အရောင်ပြောင်းလိုက်ပါရစေ။

ငါ ဘယ်ချိန်မဆို မလိမ်ညာခဲ့ပါဘူး
ဒါပေမယ့် ဒီတစ်ခါတော့
ငါ မုသားဖြူဖြူလေး သုံးပါရစေ။

ငါ စက္ကန့်တိုင်း လွမ်းခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့
ငါ ငြင်းပယ်ပါရစေ။

ငါ တစ်ချိန်လုံး မင်းကိုတမ်းတခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့
မျက်လုံးမှိတ်ပြီး ငြိမ်သက်နေပါရစေ။

ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ်
ဒီတစ်ခါမှာတော့ ငါ ..
ငါ အသက်မဲ့နေပါရစေ။

လွမ်းဆုလေး


 
Photo: ငါ အချိန်တိုင်းရိုးသားခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့ 
ငါ ဟန်ဆောင်လိုက်ပါရစေ။ 

ငါ အမြဲ ဖြူစင်ခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့ 
ငါ အရောင်ပြောင်းလိုက်ပါရစေ။ 

ငါ ဘယ်ချိန်မဆို မလိမ်ညာခဲ့ပါဘူး 
ဒါပေမယ့် ဒီတစ်ခါတော့ 
ငါ မုသားဖြူဖြူလေး သုံးပါရစေ။

ငါ စက္ကန့်တိုင်း လွမ်းခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့ 
ငါ ငြင်းပယ်ပါရစေ။ 

ငါ တစ်ချိန်လုံး မင်းကိုတမ်းတခဲ့ပါတယ်
ဒါပေမယ့် ဒီတစ်ခါတော့ 
မျက်လုံးမှိတ်ပြီး ငြိမ်သက်နေပါရစေ။

ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ် 
ဒီတစ်ခါမှာတော့ ငါ ..
ငါ အသက်မဲ့နေပါရစေ။
 
လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

လွတ်လပ်ခြင်းရဲ့ နေရာ


Download

ကမ္ဘာမြေကြီးနဲ့ စစ်
သစ်ပင်နဲ့အမြစ်
လူနဲ့အချစ် တဲ့။

မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ
စီးဝင်နေတဲ့ ပင်လယ်ကြီးပမာ
ရေဘယ်လောက်စီးစီး
တင်းတိမ်တာမရှိသလိုမျိုး

အချစ်ပင်လယ်ကြီးမှာ
စီးမျှောခဲ့ကြ သံယောဇဉ်တို့
အလွမ်းအဆွေး ငိုကြွေးခြင်းများစွာ
ခံစားမှုရသမျိုးစုံနှင့်
နလံမထူအောင် ရိုက်နှက်
သွေးတစ်စက်စက်ကျ နာကျင်နေသော်လည်း

အသဲမနာ နားလည်စွာနဲ့
ကြည်ဖြူနေမိ ထိုစိတ်နှလုံးတို့
မောပန်းကြီးစွာ ကူးခတ်
အမုန်းလှိုင်းတံပိုးတို့ကြား
ငြိမ်သက်မနေတဲ့ မျှော်လင့်ချက် မုန်တိုင်းတို့နှင့်

အေးစက်စက် ကြင်နာမှုကြားမှာ
သေဆုံးမယ့် လူတစ်ယောက်ရဲ့
အသက်ငင်နေဆဲ ပုံသဏ္ဍာန်လို
ဆန့်တငင်ငင်ဖြစ်နေခဲ့ ထိုအိပ်မက်တို့

ဆုပ်ကိုင်ခွင့်မရ ကြည့်လို့မမြင်
ခံစားသိမှ သိနိုင်တဲ့
ထိုအရာများနဲ့ ဝေးရာ
အခြားသော ကမ္ဘာသို့
ပြေး ... ပြေးထွက်ချင်မိ။

           လွမ်းဆုလေး
thumbnail

ရှင်သန်နေတုန်းပါပဲ


Download

Photo: ည အရောင် 
မဟူရာက 
ပိုပြီး မှောင်မိုက်သွားသလိုမျိုး 
လပြည့်ညမှာ 
အရာရာက မှောင်အတိကျနေခဲ့ပေါ့။

တလက်လက်နဲ့ 
မျက်ရည်စတို့ ဝေ့သီ
ကောင်းကင်က ကြယ်ကလေးရေ
မငိုပါနဲ့ဟာ ... 

တစီစီအော်နေတဲ့ 
ပိုးဖလံငယ်တို့  
ဝမ်းနည်းမနေပါနဲ့ ။

စွန့်ပစ်ခံရသူ  င့ါဆီမှာ
သူ့ပုံတူဆွဲ
သူ့အရိပ်တွေ မိတ္တူ ကူးထားလို့
အနားမှာ သူမရှိတော့တောင်
ငါ့ဘ၀  ငါ့ကမ္ဘာမှာတော့

သူ ...

 ရှင်သန်နေတုန်းပါပဲကွာ။

  လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
ည အရောင်
မဟူရာက
ပိုပြီး မှောင်မိုက်သွားသလိုမျိုး
လပြည့်ညမှာ
အရာရာက မှောင်အတိကျနေခဲ့ပေါ့။

တလက်လက်နဲ့
မျက်ရည်စတို့ ဝေ့သီ
ကောင်းကင်က ကြယ်ကလေးရေ
မငိုပါနဲ့ဟာ ...

တစီစီအော်နေတဲ့
ပိုးဖလံငယ်တို့
ဝမ်းနည်းမနေပါနဲ့ ။

စွန့်ပစ်ခံရသူ င့ါဆီမှာ
သူ့ပုံတူဆွဲ
သူ့အရိပ်တွေ မိတ္တူ ကူးထားလို့
အနားမှာ သူမရှိတော့တောင်
ငါ့ဘ၀ ငါ့ကမ္ဘာမှာတော့
 
သူ ...

ရှင်သန်နေတုန်းပါပဲကွာ။

လွမ်းဆုလေး 



thumbnail

အဓိပ္ပာယ်


Download

ကိုယ့်ရဲ့ ပေးဆပ်စွန့်လွှတ်မှုတစ်ခုက
သူ့အတွက် အတိုင်းမသိ တန်ဖိုးရှိစေမယ်ဆိုရင်
ရဲရဲသာ ပေးဆပ်လိုက်ပါ။

တစ်ခါတစ်ရံမှာ
ရယူပိုင်ဆိုင်ခြင်းထက်
ပေးဆပ်ခြင်းက ပိုပြီး အဓိပ္ပာယ် ရှိနေလို့ပါ။


     လွမ်းဆုလေး


Photo: ကိုယ့်ရဲ့ ပေးဆပ်စွန့်လွှတ်မှုတစ်ခုက
သူ့အတွက် အတိုင်းမသိ တန်ဖိုးရှိစေမယ်ဆိုရင်
ရဲရဲသာ ပေးဆပ်လိုက်ပါ။ 

တစ်ခါတစ်ရံမှာ 
ရယူပိုင်ဆိုင်ခြင်းထက် 
ပေးဆပ်ခြင်းက ပိုပြီး အဓိပ္ပာယ် ရှိနေလို့ပါ။ 

     လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

ဆု တစ်ခု


Download

တကယ်မဟုတ်တဲ့
နှလုံးသားဗလာတစ်စုံနဲ့
ငါ့ရှေ့မှာဒူးထောက်
ဒဿဂီရိ ရှုံးလောက်တဲ့
အချစ်တို့နဲ့ တေးဖွဲ့သူ ...

မင်းနန္ဒာလို မိကျောင်းစီး
အန္တရာယ်ခရီးကိုတောင်
ပန်းမွေ့ယာလို့
ယုံအောင်သိမ်သွင်း

စကားပုံတောင် ပြောင်းပြန်လှန်တဲ့
သူ့ရဲ့မာယာတောမှာ
တကယ်အစစ်ကိုပေးအပ်
အသက်နှင်းမိအောင် ချစ်ခါမှ

sorry ပါ စိတ်မကောင်းဘူးလို့
တောင်းပန်စကားတစ်ခွန်းကြောင့်
နေရာမှာ တောင့်တောင့်ကြီး ရပ်
ကျန်ခဲ့တဲ့ ငါ ....

မင်းပေးသမျှ အတုမှန်း
မသိခဲ့လို့
ရူးသွပ်မိ ဒီနှလုံးသား
အမုန်းခါးခါးနဲ့ ရင်ဆိုင်ရတောင်

မနာကျည်းနိုင် အပြစ်မမြင်နိုင်ပဲ
ဒါတွေဟာ
မင်းပေးတဲ့ ဆု တစ်ခုလို့
ထင်နေမိဆဲ...

လှမ်းကြိုနေမိဆဲ ... ။

လွမ်းဆုလေး

Photo: တကယ်မဟုတ်တဲ့ 
နှလုံးသားဗလာတစ်စုံနဲ့
ငါ့ရှေ့မှာဒူးထောက်
ဒဿဂီရိ ရှုံးလောက်တဲ့ 
အချစ်တို့နဲ့ တေးဖွဲ့သူ ... 

မင်းနန္ဒာလို မိကျောင်းစီး
အန္တရာယ်ခရီးကိုတောင် 
ပန်းမွေ့ယာလို့  
ယုံအောင်သိမ်သွင်း

စကားပုံတောင် ပြောင်းပြန်လှန်တဲ့ 
သူ့ရဲ့မာယာတောမှာ
တကယ်အစစ်ကိုပေးအပ်
အသက်နှင်းမိအောင် ချစ်ခါမှ

sorry ပါ စိတ်မကောင်းဘူးလို့
တောင်းပန်စကားတစ်ခွန်းကြောင့်
နေရာမှာ   တောင့်တောင့်ကြီး ရပ် 
ကျန်ခဲ့တဲ့ ငါ .... 

မင်းပေးသမျှ အတုမှန်း
မသိခဲ့လို့ 
ရူးသွပ်မိ ဒီနှလုံးသား 
အမုန်းခါးခါးနဲ့  ရင်ဆိုင်ရတောင်

မနာကျည်းနိုင်  အပြစ်မမြင်နိုင်ပဲ
ဒါတွေဟာ 
မင်းပေးတဲ့ ဆု တစ်ခုလို့ 
ထင်နေမိဆဲ... 

လှမ်းကြိုနေမိဆဲ ... ။

     လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

နင် ပျော်မယ်ဆိုရင်


Download

နင်အဆင်ပြေလား
ပျော်ရဲ့လားလို့
မေးခွန်းတွေစီ
အပြုံးသီလျှက်
သူ့မျက်ဝန်းကိုစာဖတ်
နားလည်ခြင်းတို့နဲ့
ခွင့်လွတ်ခဲ့သူ...
နှလုံးသားကို မီးတိုက်
အရှုံးသမားရဲ့ ပြာအိုးလေးကို
အေးမြတဲ့ရေခဲပြင်အောက်
နစ်မြှုပ်သော်လည်း
ပူလောင်ခြင်း မသက်သာစေတဲ့
ဒီအချစ်မီးတို့
ငါ့ကိုတိုက်စား
ခံနိုင်ခြင်း တံတိုင်းလဲ
မြေခပြီ။
ပျော်မယ်ဆို ထားခဲ့လိုက်
နေသာသလိုသနေပါနော်လို့
နှုတ်ခမ်းရဲရဲလေးထက်
တင်ကာဆိုနေလဲ
ဘာမှမရှိတဲ့ ရင်ထဲတစ်နေရာက
ငိုညည်းသံ သဲ့သဲ့ကိုတော့
သူ ....
ကြားနိုင်မှာ မဟုတ်တော့ပါဘူးလေ။