thumbnail

မတူညီမှု


Download
ပြီးဆုံးခဲ့ အတိတ်ကိုပြန်တွေး
အချိန်တွေ ပြန်ပေးပါလို့
နောင်တ တွေနဲ့
မတောင်းဆိုချင်ဘူး ။


အတိတ်ဆိုတာ
ငါ့ဘ၀ရဲ့ မှတ်တမ်း
ငါ့ဘ၀ရဲ့ သမိုင်းကို
ထိန်းသိမ်းထားတဲ့ ပြတိုက်လေ။

ရောက်မလာသေးတဲ့
အနာဂတ်ရဲ့ နာရီများစွာထဲက
ငါဘာလုပ်ပစ်မယ်လို့လဲ
စိတ်ကူးတွေယဉ်
အချိန်တွေ ကုန်အောင်လဲ
ငါ မရူးမိုက်ချင်ဘူး ။

အနာဂတ်ရဲ့ အချိန်တွေက
ငါ့ ရဲ့ ဒိုင်ယာရီ မှတ်တမ်းကို
စက္ကန့်တိုင်း ရေးဆွဲနေလိမ့်မယ်။

လက်ရှိရပ်တည်နေတဲ့
ပစ္စုပ္ပာန်ကိုပဲ
အကျိုးရှိအောင်သုံးရင်း
အတိတ်နဲ့ အနာဂတ်အတွက်
မှတ်တမ်းကောင်းတွေ
ထားရစ်ချင်တယ်။

တစ်ခု ရှိတာက
ရောက်မလာသေးတဲ့ အနာဂတ်ကို
ရန်လုပ် အတင်းပြောပြီး
ဝေဖန်တဲ့လူ မရှိပေမယ့်
ကုန်လွန်ခဲ့ အတိတ်ကိုတော့
ရာဇ၀င်မှာ သမိုင်းအဖြစ်
ပြောရစ်ကြလိမ့်မယ်။

ဒါ အတိတ်နဲ့ အနာဂတ်ရဲ့
မတူညီတဲ့ အရာပါပဲ။

လွမ်းဆုလေး
thumbnail

ငါသဂြိုလ်ခဲ့သော..


Download
ခံစားမှုကိုထွေး
နာကျင်ခြင်းကိုရင်ဝယ်ပိုက်လို့
ကျရှုံးခြင်း လမ်းပေါ်မှာ
ငါတစ်ယောက်ထဲရယ်ပါ။

ရူးသွပ်နေ ဒီရင်အစုံတို့
မျှော်လင့်ချက်မဲ့နေပြီလို့
တစ်စီစီအော်ဟစ်ငိုကြွေးရင်း
ငါ့ နှလုံးသားကို တောင်းပန်နေခဲ့။

အသိရယ် သတိရယ်အလွှာနှစ်ခုကြားက
အချစ်ကို တိတ်တိတ်လေး ငါ လက်ကမ်းမိချိန်မှာ
နာကျင်တာတွေပေး ငါ့နှလုံးသားကို သွေးမြေဖြစ်အောင်
တစ်စစီသတ်ပြီးချိန်မှ

မယုံနိုင်မျက်ဝန်းများနဲ့ ကြောင်စီစီ ငါ သဂြိုလ်ပေးနေတဲ့
အသဲတစ်စုံကို ကြည့်နေမိပါရဲ့။

လွမ်းဆုလေး


Photo: ခံစားမှုကိုထွေး
နာကျင်ခြင်းကိုရင်ဝယ်ပိုက်လို့
ကျရှုံးခြင်း လမ်းပေါ်မှာ 
ငါတစ်ယောက်ထဲရယ်ပါ။

ရူးသွပ်နေ ဒီရင်အစုံတို့
မျှော်လင့်ချက်မဲ့နေပြီလို့ 
တစ်စီစီအော်ဟစ်ငိုကြွေးရင်း 
ငါ့ နှလုံးသားကို တောင်းပန်နေခဲ့။ 

အသိရယ် သတိရယ်အလွှာနှစ်ခုကြားက
အချစ်ကို တိတ်တိတ်လေး ငါ လက်ကမ်းမိချိန်မှာ
နာကျင်တာတွေပေး ငါ့နှလုံးသားကို သွေးမြေဖြစ်အောင်
တစ်စစီသတ်ပြီးချိန်မှ
မယုံနိုင်မျက်ဝန်းများနဲ့ ကြောင်စီစီ ငါ သဂြိုလ်ပေးနေတဲ့
အသဲတစ်စုံကို ကြည့်နေမိပါရဲ့။

                    လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/ 
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

လိုချင်ယူပါ


Download

လိုချင်ယူပါ
ငါ၏ပျော်ရွှင်မှုများ
သင့်အား ငါ ပေးပါ၏။

သင်၏၀မ်းနည်းမှုအား
ထားခဲ့ပါ ။

ရချင်ယူပါ
ငါ၏ နွေးထွေးခြင်းများ
လက်ဆောင်အဖြစ်
ငါပေးပါ၏။

သင်၏ကြေကွဲခြင်းတို့
ထားခဲ့ပါ။

လိုလျှင် သိမ်းသွား
ငါ့အိပ်မက်တို့
ကြည်ဖြူစွာပင်
နှင်းအပ်ပါ၏။

သင်၏ ဆုံးရှုံးခြင်းတို့
ချန်ခဲ့ပါ။


လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

ငါသာလျှင် ...


Download
နာကျင်ခံစား ဒီ အလွမ်းများက
ငါ့အိပ်စက်ခြင်းကိုခိုး
ဟိုး .. အဝေးကို ထွက်ပြေးခဲ့။

မှိတ်နေတဲ့ မျက်ဝန်းထက်မှာ
အတိတ်ကပုံရိပ်များ
ခါးသီးစရာအဖြစ်
ရောက်လာပြန်တော့
တမ်းတစိတ်နဲ့ ငိုမိတယ်။

ခံစားမှု တီးလုံးတွေက
နှလုံးသွေး တစ်ချက်ခုန်တိုင်း
တစ်ခါ သတ်ခံရတော့
င့ါရင်ထဲပင်လယ်ပြင်မှာ
သွေးချင်းချင်းနီနေခဲ့ပေါ့။

သတိရတိုင်း စာတွေရေး
ဖြေမဆည်နိုင် အမှတ်တရတို့
အတင်းဝင်ရောက်လာတော့
အရှုံးများနဲ့ ငါ့မှာ
သွက်သွက်ခါအောင် ရူးချင်မိခဲ့။

မလိုလို့ထား
သူစိမ်းကားခဲ့တာတောင်
အမုန်းတစ်ဖက် အချစ်တစ်ဖက်နဲ့
ငါ့စိတ်ငါ့ကိုယ် တိုက်ပွဲဝင်နေခဲ့မိတော့

နောက်ဆုံး အဖြေထွက်ချိန်မှာ
ငါသာလျှင်ရှုံး
ငါသာလျှင် မုန်း
ငါသာလျှင် စွန့်ပစ်ခြင်း ခံရသူပါ။

လွမ်းဆုလေး
Photo: နာကျင်ခံစား ဒီ အလွမ်းများက
ငါ့အိပ်စက်ခြင်းကိုခိုး
ဟိုး .. အဝေးကို ထွက်ပြေးခဲ့။

မှိတ်နေတဲ့ မျက်ဝန်းထက်မှာ
အတိတ်ကပုံရိပ်များ 
ခါးသီးစရာအဖြစ် 
ရောက်လာပြန်တော့ 
တမ်းတစိတ်နဲ့ ငိုမိတယ်။

ခံစားမှု တီးလုံးတွေက
နှလုံးသွေး တစ်ချက်ခုန်တိုင်း
တစ်ခါ သတ်ခံရတော့
င့ါရင်ထဲပင်လယ်ပြင်မှာ 
သွေးချင်းချင်းနီနေခဲ့ပေါ့။

သတိရတိုင်း စာတွေရေး
ဖြေမဆည်နိုင် အမှတ်တရတို့
အတင်းဝင်ရောက်လာတော့
အရှုံးများနဲ့ ငါ့မှာ 
သွက်သွက်ခါအောင် ရူးချင်မိခဲ့။

မလိုလို့ထား 
သူစိမ်းကားခဲ့တာတောင် 
အမုန်းတစ်ဖက် အချစ်တစ်ဖက်နဲ့ 
ငါ့စိတ်ငါ့ကိုယ် တိုက်ပွဲဝင်နေခဲ့မိတော့

နောက်ဆုံး အဖြေထွက်ချိန်မှာ
ငါသာလျှင်ရှုံး
ငါသာလျှင် မုန်း 
ငါသာလျှင် စွန့်ပစ်ခြင်း ခံရသူပါ။

          လွမ်းဆုလေး
thumbnail

အနှိုင်းမဲ့ ဖေဖေ


Download
မိခင်ဝမ်းကြာတိုက်မှ
အူဝဲဆိုတဲ့ အသံနဲ့
လူလောကအလယ်
ဝင်ရောက်လာခဲ့ သားသမီးအသံ
ကြားမိစဉ်ခဏ ပီတိဝေဖြာ
အားသစ်တိုးကာ သားသမီးအတွက်
စီးပွားတိုးရှာ ရုန်းကန်ရင်းနဲ့
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မမောနိုင် မပမ်းနိုင် ကြိုးစားနေခဲ့။

ဖျားသည် နာသည်
ပူသည် အေးသည်
မောသည် ပန်းသည် ဟု
ပဓာနမထား သားသမီးအတွက်သာ
တွေးပေးနေခဲ့ အဖေရဲ့အတွေးများ
သားသမီးအပေါ် အန္တရာယ်မကျစေဖို့
ကြံ့ကြံ့ခံလျှက် မြို့ရိုးက တံတိုင်းပမာ
ကာကွယ်ပေးခဲ့။

ခြေဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်
လူမမယ် ကလေးဘ၀မှ
အတောင်စုံကာ ပျံသန်းချိန်ထိ
လိုတိုင်းရ တတိုင်းပြည့်လေအောင်
လူလောကအလယ် တင့်တယ်စေဖို့
ကြိုးစားရှာဖွေ ရုန်းကန်ပေးခဲ့
အဖေ့မေတ္တာဂရုဏာကို
ဘယ်လိုရေးသား ဖွဲ့စေအုံးတော့

မီမယ်မထင် အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်မို့ မြင့်မိုရ်တောင်နှင့်ယှဉ်
မြူမှုန်မျှသာ ဖြစ်သွားပါရဲ့လို့
ပမာတင်စား ထားမိပါသည်
အတုမဲ့သော မွေးသဖခင်
ကျေးဇူးရှင် ဖေဖေဟု.... ။

လွမ်းဆုလေး

သမီးရဲ့ ကဗျာမပီ စာမညီပဲ တတ်သိသမျှ ဥာဏ်ပညာနှင့် ရေးဖွဲ့မိတဲ့ ဒီကဗျာငယ်ကို ဖေဖေကြားသိ ဖတ်မိနိုင်လျှင် သမီးဘ၀ သေပျော် ပါပြီ လို့ ဝေးတစ်နေရာမှ ရင်နှင့်ရင်းထား ဖေဖေ့အတွက် ရေးသား တင်ပြလိုက်ပါသည်။
Photo: အနှိုင်းမဲ့ ဖေဖေ 
***************

မိခင်ဝမ်းကြာတိုက်မှ
အူဝဲဆိုတဲ့ အသံနဲ့ 
လူလောကအလယ် 
ဝင်ရောက်လာခဲ့ သားသမီးအသံ
ကြားမိစဉ်ခဏ ပီတိဝေဖြာ 
အားသစ်တိုးကာ သားသမီးအတွက် 
စီးပွားတိုးရှာ ရုန်းကန်ရင်းနဲ့
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မမောနိုင် မပမ်းနိုင် ကြိုးစားနေခဲ့။

ဖျားသည် နာသည်  
ပူသည် အေးသည်  
မောသည် ပန်းသည် ဟု
ပဓာနမထား  သားသမီးအတွက်သာ
တွေးပေးနေခဲ့  အဖေရဲ့အတွေးများ
သားသမီးအပေါ် အန္တရာယ်မကျစေဖို့
ကြံ့ကြံ့ခံလျှက် မြို့ရိုးက တံတိုင်းပမာ
ကာကွယ်ပေးခဲ့။

ခြေဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ် 
လူမမယ် ကလေးဘ၀မှ
အတောင်စုံကာ ပျံသန်းချိန်ထိ
လိုတိုင်းရ တတိုင်းပြည့်လေအောင် 
လူလောကအလယ် တင့်တယ်စေဖို့ 
 ကြိုးစားရှာဖွေ ရုန်းကန်ပေးခဲ့  
အဖေ့မေတ္တာဂရုဏာကို 
ဘယ်လိုရေးသား ဖွဲ့စေအုံးတော့ 

မီမယ်မထင် အနန္တဂိုဏ်းဝင် 
ကျေးဇူးရှင်မို့ မြင့်မိုရ်တောင်နှင့်ယှဉ် 
မြူမှုန်မျှသာ ဖြစ်သွားပါရဲ့လို့ 
ပမာတင်စား ထားမိပါသည်
အတုမဲ့သော  မွေးသဖခင် 
ကျေးဇူးရှင် ဖေဖေဟု.... ။

           လွမ်းဆုလေး

သမီးရဲ့ ကဗျာမပီ စာမညီပဲ တတ်သိသမျှ ဥာဏ်ပညာနှင့် ရေးဖွဲ့မိတဲ့ ဒီကဗျာငယ်ကို ဖေဖေကြားသိ ဖတ်မိနိုင်လျှင် သမီးဘ၀ သေပျော် ပါပြီ လို့ ဝေးတစ်နေရာမှ ရင်နှင့်ရင်းထား ဖေဖေ့အတွက် ရေးသား တင်ပြလိုက်ပါသည်။
thumbnail

ရူးမိုက်သူ


Download

 
မာနချင်းပြိုင်
အတ္တပလ္လင်ပေါ်ထိုင်လို့
ဘယ်သူနိုင်မလဲ
ပွဲစမ်းခဲ့ ငါ့အဖြစ်တို့

အလွမ်းသွေးတွေ
တစက်စက်ကျ
တမ်းတခြင်း
ဓားရိုးအောက်မှာ
ဒူးထောက်ခဲ့ရုံမှ တပါး
ဘာမှ ငါ မပိုင်ဆိုင်ခဲ့ပါ။

ကြေကွဲမှု အခန်းငယ်ထဲမှာ
ခံစားမှုတွေ တရွရွထိုးလို့
နာကျင်ခြင်း ရှိုးရာတွေတောင်
နှလုံးသားတစ်ခုလုံး
မမြင်ရက်ခဲ့ပေါ့။

ရနောင်တ နောက်မှာမို့
အမှားများကို ကျုးလွန်
အသဲခိုက်အောင် နာပါမှ
ငါမှားပြီ အော်နေခဲ့
ရူးမိုက်သူရဲ့ ။

လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

ချစ်သူသိပါစေ


Download

ချစ်သူ ..
မင်းရဲ့ အချစ်ဆုံးလူ နဲ့ သံယောဇဉ် အရှိဆုံးလူထဲက
တစ်ခုကို ရွေးချယ်ပါဆိုရင်

ကျွန်မ ....
သံယောဇဉ် အရှိဆုံးလူပဲ ဖြစ်ချင်ပါတယ်...

အချစ်ဆုံးလူက အမုန်းဆုံးလူ ဖြစ်သွားရင် မေ့နိုင်ပေမယ့်
သံယောဇဉ်အရှိဆုံးလူကိုတော့ မမေ့ဘူး ဆိုတာ သိနေလို့ပါ။

ချစ်သူ ..
မင်းရဲ့ အသာစံရမယ့်လူနဲ့ အနာခံရမယ့်လူထဲက
တစ်ခုကို ရွေးချယ်ပါဆိုရင်

ကျွန်မ ..
အနာခံရမယ့်လူပဲ ဖြစ်ချင်ပါတယ် ..

အသာစံရမယ့်လူကို တစ်ချိန်မှာ မေ့သွားနိုင်ပေမယ့်
အနာခံတဲ့လူကိုတော့ ဘယ်တော့မှ မမေ့ဘူး ဘူဆိုတာ ယုံကြည်လို့ပါ။

လွမ်းဆုလေး


Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
thumbnail

မင်းတစ်သက် မသိနိုင်တော့


Download
တစ်ယောက်ထဲသာရှိ
တွေ့ဆုံကျ ဒီနေရာ

တစ်ယောက်ထဲသာသိ
လွမ်းရသည့် ဝေဒနာ

တစ်ယောက်ထဲသာကြည့်
ပျော်ရွှင်ခဲ့ ဒီချိန်ခါ

တစ်ယောက်ထဲသာ သိ
ကြေကွဲသည့် မျက်ရည်ကဗျာ

မင်းချစ်တဲ့ ဒီ line မှာ
နာကျင်စွာ ငါရပ်မိ

အထီးကျန်သည့် အငွေ့သက်တို့
မိုးစက်ပမာကျနေ

နာကျင်သည့် မျက်ရည်စက်
တမ်းတသည့် မျက်ရည်စက်

မင်းတစ်သက် မသိနိုင်တော့
မင်းတစ်သက် မသိနိုင်တော့ပါလေ။

လွမ်းဆုလေး

 
Photo: တစ်ယောက်ထဲသာရှိ 
တွေ့ဆုံကျ ဒီနေရာ 

တစ်ယောက်ထဲသာသိ 
လွမ်းရသည့် ဝေဒနာ 

တစ်ယောက်ထဲသာကြည့်
ပျော်ရွှင်ခဲ့ ဒီချိန်ခါ

တစ်ယောက်ထဲသာ သိ
ကြေကွဲသည့် မျက်ရည်ကဗျာ 

မင်းချစ်တဲ့ ဒီ  line မှာ
နာကျင်စွာ ငါရပ်မိ

အထီးကျန်သည့် အငွေ့သက်တို့
မိုးစက်ပမာကျနေ 

နာကျင်သည့် မျက်ရည်စက် 
တမ်းတသည့် မျက်ရည်စက်

မင်းတစ်သက် မသိနိုင်တော့ 
မင်းတစ်သက် မသိနိုင်တော့ပါလေ။

  လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

အချစ်နဲ့ အနာဂတ်


Download
နက်ရှိုင်းစွာချစ်မိ
တိုးတိတ်စွာရှင်သန်
ရင့်သန်ခဲ့ချစ်စိတ်တို့

ရေမလောင်း
ပေါင်းမသင်
ရှင်သန်ကာစိမ်းစိုလို့
ဖြတ်မရတဲ့
သံယောဇဉ်အမြစ်များ

မင်းအပါးကပ်တွယ်
ခွာမရတဲ့
တောက်တဲ့လိုမျိုး
ဓားထက်ထက်နဲ့ ခွဲရမလို..

နာကျင်နေ ရင်အစုံတို့
ကုရာနတ္ထိ ဆေးမရှိ
စိမ်းကားခြင်း တောနက်မှာ
တ၀ဲလည်လည် နယ်လှည့်ရင်း
ချစ်ရင်းနဲ့ ရှုံးခဲ့ပြန်။

မျှော်လင့်ခဲ့
ရွှေရောင်အိပ်မက်တို့
တစ်စစီ ပျက်သုန်း
မင်းတားရစ်ခဲ့ ကျော့ကွင်းမှာ
အနာဂတ်မဲ့လျှက်။

လွမ်းဆုလေး


Photo: နက်ရှိုင်းစွာချစ်မိ
တိုးတိတ်စွာရှင်သန်
ရင့်သန်ခဲ့ချစ်စိတ်တို့

ရေမလောင်း 
ပေါင်းမသင်
ရှင်သန်ကာစိမ်းစိုလို့
ဖြတ်မရတဲ့ 
သံယောဇဉ်အမြစ်များ

မင်းအပါးကပ်တွယ်
ခွာမရတဲ့ 
တောက်တဲ့လိုမျိုး
ဓားထက်ထက်နဲ့ ခွဲရမလို..

နာကျင်နေ ရင်အစုံတို့
ကုရာနတ္ထိ ဆေးမရှိ
စိမ်းကားခြင်း တောနက်မှာ
တ၀ဲလည်လည်  နယ်လှည့်ရင်း 
ချစ်ရင်းနဲ့ ရှုံးခဲ့ပြန်။

မျှော်လင့်ခဲ့ 
ရွှေရောင်အိပ်မက်တို့ 
တစ်စစီ ပျက်သုန်း
မင်းတားရစ်ခဲ့  ကျော့ကွင်းမှာ 
အနာဂတ်မဲ့လျှက်။

လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

သင်နှင့်ကျမှ ရှုံးခဲ့သူ.....


Download



မာနသခင် အသဲစားဘုရင်လို့  ဂုဏ်တင်လို့ထား
ငါ့နှလုံးသားက  မာကျောနေခဲ့   ပြုပြင်မရ
သိမ်းမရနှင့် ထိန်းချုပ်ကင်းမဲ့ ကားတစ်စင်းပမာ
ဝင်ချင်ရာဝင် တိုက်ချင်ရာတိုက်

တဒုန်းဒုန်း တ၀ုန်းဝုန်းနှင့် သောင်းကျန်းနေဆဲ
မာန်ဝင့်ဆဲဝယ် သင်၏မှတ်တိုင် အချစ်ဂိတ်၌
ထိုးရပ်လို့သွား  င့ါနှလုံးသားက နူးညံ့သွားခဲ့
ယုန်ငယ်ပမာ အစွယ်မာန်ကျိုး အားငယ်တတ်ခဲ့
ကမ်းလှမ်းချင်မိ သင့်လက်တစ်စုံအား

မျှော်လင့်မိစဉ် သင်ကျောခိုင်းသွား နောက်ပါးဆီမှ
ရင်တွင်းသိုသိပ် အံကိုကြိတ်ကာ အသံတိတ်ငိုမိသည်
သင်နှင့်ကျမှ ရှုံးခဲ့ပြီဟု ... ။
လွမ်းဆုလေး 
thumbnail

ကောက်စိုက်ချိန်


Download
မိုးရေ စမ်းရေ တဖွေးဖွေးနဲ့
တောင်ကျရေ ခပ်ကြမ်းကြမ်းတို့
ခဲနေအောင် စီးဆင်းနေကြ
ကောက်စိုက်ရန် သွားသူအဖို့
ကြောက်စရာနှယ်။

လူတစ်အုပ်လုံး ညံညံစီလျှက်
ကူးခတ်ကာ ကျော်ဖြတ်ကြပေါ့
ဟိုး.. တစ်ဖက်ကမ်းဆီက
စိမ်းပြပြ တို့လယ်ကွင်းဆီ ...။

ဒီအချိန်ဆို ကောက်စိုက်ပြီပေါ့
စိမ်းညို့ညို့ တောင်တန်းတွေဝိုင်း
ညို့မှိုင်းမှိုင်း ကောင်းကင်ဆီက
တဖျောက်ဖျောက် ကျလာတဲ့ မိုးစက်တွေနဲ့
ကောက်စိုက်သမ တေးသီသံက
နားဆင်သူအဖို့ လွမ်းမော ဖွယ်ရာ။

လေတိုက်ရာ ယိမ်းပါနေခဲ့
စိမ်းလဲ့လဲ့ ပျိုးပင်ငယ်တို့
ယိမ်းသမ ကနေသလို
မြင်သူတကာ ငေး ...
ငေးလောက်ပါရဲ့။

တို့လယ်ကွင်းအလယ် အိုင်ငယ်ဆီက
လေနဲ့အတူ မွှေးရနံတို့ သယ်ဆောင်လာခဲ့
ပွင့်နေတဲ့ ကြာဖြူ နီတို့
ကောက်ပင်စိမ်းတွေနဲ့ ပနံတင့်ပေါ့
ဘယ်ပန်းချီ ရေးနိုင်ပါလဲ
မေး......မေးလိုက်ချင်ရဲ့ ။

လွမ်းဆုလေး
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
 

Photo: ကောက်စိုက်ချိန်
****************

မိုးရေ စမ်းရေ တဖွေးဖွေးနဲ့ 
တောင်ကျရေ ခပ်ကြမ်းကြမ်းတို့ 
ခဲနေအောင် စီးဆင်းနေကြ 
ကောက်စိုက်ရန် သွားသူအဖို့ 
ကြောက်စရာနှယ်။ 

လူတစ်အုပ်လုံး ညံညံစီလျှက် 
ကူးခတ်ကာ ကျော်ဖြတ်ကြပေါ့ 
ဟိုး.. တစ်ဖက်ကမ်းဆီက 
စိမ်းပြပြ တို့လယ်ကွင်းဆီ ...။

ဒီအချိန်ဆို ကောက်စိုက်ပြီပေါ့ 
စိမ်းညို့ညို့ တောင်တန်းတွေဝိုင်း 
ညို့မှိုင်းမှိုင်း ကောင်းကင်ဆီက 
တဖျောက်ဖျောက် ကျလာတဲ့ မိုးစက်တွေနဲ့ 
ကောက်စိုက်သမ တေးသီသံက 
နားဆင်သူအဖို့ လွမ်းမော ဖွယ်ရာ။ 

လေတိုက်ရာ ယိမ်းပါနေခဲ့ 
စိမ်းလဲ့လဲ့ ပျိုးပင်ငယ်တို့ 
ယိမ်းသမ ကနေသလို 
မြင်သူတကာ ငေး ...
ငေးလောက်ပါရဲ့။

တို့လယ်ကွင်းအလယ် အိုင်ငယ်ဆီက 
လေနဲ့အတူ မွှေးရနံတို့ သယ်ဆောင်လာခဲ့ 
ပွင့်နေတဲ့ ကြာဖြူ နီတို့ 
ကောက်ပင်စိမ်းတွေနဲ့ ပနံတင့်ပေါ့ 
ဘယ်ပန်းချီ ရေးနိုင်ပါလဲ 
မေး......မေးလိုက်ချင်ရဲ့ ။

လွမ်းဆုလေး 
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
thumbnail

ပြန်မေးကြည့်ပါ


Download
ငါယုံအောင်ကတိတွေ အထပ်ထပ်ပေးနေမယ့်အစား
ငါ့အပေါ်တကယ်ကတိတည်နိုင်ပြီလားလို့ တွေးပါ။

ငါအတွက် အမြဲတမ်းရှိနေမယ် ပြောနေမယ့်အစား
ငါ့အနားမှာ အမြဲတမ်းရှိနိုင်ပြီလားလို့ တွေးပါ။

ငါ့အတွက်ဘာမဆိုလုပ်ပေးနိုင်တယ် အော်နေမယ့်အစား
ငါတောင်းဆိုသမျှ လုပ်ပေးနိုင်ရဲ့လားလို့ တွေးပါ။

ငါ့တစ်ယောက်ကိုပဲ အမြဲချစ်နေမယ်လို့ ပြောနေမယ့်အစား
ငါ့အတွက် တကယ်ခိုင်မြဲပြီလားလို့ ပြန်တွေးကြည့်ပါ။

လွမ်းဆုလေး
Photo: ငါယုံအောင်ကတိတွေ အထပ်ထပ်ပေးနေမယ့်အစား
ငါ့အပေါ်တကယ်ကတိတည်နိုင်ပြီလားလို့ တွေးပါ။

ငါအတွက် အမြဲတမ်းရှိနေမယ် ပြောနေမယ့်အစား
ငါ့အနားမှာ အမြဲတမ်းရှိနိုင်ပြီလားလို့ တွေးပါ။

ငါ့အတွက်ဘာမဆိုလုပ်ပေးနိုင်တယ် အော်နေမယ့်အစား
ငါတောင်းဆိုသမျှ လုပ်ပေးနိုင်ရဲ့လားလို့ တွေးပါ။

ငါ့တစ်ယောက်ကိုပဲ အမြဲချစ်နေမယ်လို့ ပြောနေမယ့်အစား
ငါ့အတွက် တကယ်ခိုင်မြဲပြီလားလို့ ပြန်တွေးကြည့်ပါ။

လွမ်းဆုလေး
thumbnail

မိုးရာသီ....


Download
သဘာဝရဲ့ စစ်ခရာသံ
ကောင်းကင်ယံထက်က
တဒိန်းဒိန်းမြည်သံနဲ့
တို့တောင်သူ လယ်သမားတို့
လယ်ဝင်ရန်ပြင်ဆင်ချိန်က
ထပ်တူညီလျှက်။

စိမ်းလဲ့လဲ့ ရေကန်ထက်ဆီက
ဖြူလွှလွှကြာပန်းတို့
ဖွေးနေအောင် ပွင့်နေကြ
မွှေးလွှန်းလှ ပန်းစပယ်နှင့်
ဇွန် ခရေပန်းတွေက
တို့အနာဂတ်လူငယ်
ပညာသင်ချိန်ကို
ရှိသမျှ နံသာလေးနှင့်
ဂုဏ်ပြုနေရဲ့။

လွမ်းဆုလေး
Photo: သဘာဝရဲ့ စစ်ခရာသံ
ကောင်းကင်ယံထက်က 
တဒိန်းဒိန်းမြည်သံနဲ့ 
တို့တောင်သူ လယ်သမားတို့
လယ်ဝင်ရန်ပြင်ဆင်ချိန်က
ထပ်တူညီလျှက်။

စိမ်းလဲ့လဲ့ ရေကန်ထက်ဆီက
ဖြူလွှလွှကြာပန်းတို့ 
ဖွေးနေအောင် ပွင့်နေကြ
မွှေးလွှန်းလှ ပန်းစပယ်နှင့် 
ဇွန် ခရေပန်းတွေက
တို့အနာဂတ်လူငယ်
ပညာသင်ချိန်ကို 
ရှိသမျှ နံသာလေးနှင့်
ဂုဏ်ပြုနေရဲ့။

       လွမ်းဆုလေး
thumbnail

ငါ့ကိုယ်ငါ မုန်းတယ်


Download
အရာရာတိုင်းကို
ခွင့်လွှတ်နိုင်ပြီလို့
ထင်မှတ်ခဲ့သမျှ
နင်နဲ့ပတ်သက်လာရင်
ထိန်းချုပ်မထားနိုင်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

လွတ်လပ်စွာ ပျော်ပါစေ
နေတတ်သလို နေပါစေလို့
ဆုံးဖြတ်ထားလဲ
နင့်ကိုတွေ့တိုင်း
လွတ်လပ်ခွင့်မပေးနိုင်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

နင့်အပေါ်
ထာဝရ နားလည်ပေးဖို့
ကြိုးစားနေလဲ
နားလည်မပေးနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါ မုန်းတယ် ....

နင်ပြုံးနေတာကို
မြင်ချင်ပါရက်
ဝမ်းနည်းမှုကိုသာ
ဖန်တီးပေးနေမိတဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

အကောင်းဆုံးဖြစ်အောင်
ကြိုးစားနေလျှက်
အဆိုးဆုံးသာ ဖြစ်သွားစေတတ်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

နင့်ကို နာကျင်အောင်
ခံစားနေမိတဲ့
ငါ့ကိုယ်ငါ သေလောက်အောင် မုန်းတယ် .. ။

                                 လွမ်းဆုလေး

Photo: အရာရာတိုင်းကို 
ခွင့်လွှတ်နိုင်ပြီလို့ 
ထင်မှတ်ခဲ့သမျှ 
နင်နဲ့ပတ်သက်လာရင်
ထိန်းချုပ်မထားနိုင်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်...

လွတ်လပ်စွာ ပျော်ပါစေ
နေတတ်သလို နေပါစေလို့ 
ဆုံးဖြတ်ထားလဲ 
နင့်ကိုတွေ့တိုင်း
လွတ်လပ်ခွင့်မပေးနိုင်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

နင့်အပေါ် 
ထာဝရ နားလည်ပေးဖို့ 
ကြိုးစားနေလဲ 
နားလည်မပေးနိုင်ခဲ့တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ် .... 

နင်ပြုံးနေတာကို
မြင်ချင်ပါရက် 
ဝမ်းနည်းမှုကိုသာ 
ဖန်တီးပေးနေမိတဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

အကောင်းဆုံးဖြစ်အောင် 
ကြိုးစားနေလျှက်
အဆိုးဆုံးသာ ဖြစ်သွားစေတတ်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

နင့်ကို နာကျင်အောင် 
ခံစားစေမိတဲ့ 
ငါ့ကိုယ်ငါ သေလောက်အောင် မုန်းတယ် .. ။

                                 လွမ်းဆုလေး
thumbnail

မောင့်အတွက်ဆိုရင် ..


Download
ရင်ထဲနွမ်းကြေ
လန်းမနေသော်လည်း
မောင်နားခိုဖို့
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင်
ညှိုးနွမ်းနေလဲ
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ
သုညတစ်လုံး ထပ်တိုးပေးရင်း
အဆုံးနိဂုံး ချုပ်ပါရစေ။

  လွမ်းဆုလေး



Photo: ရင်ထဲနွမ်းကြေ 
လန်းမနေသော်လည်း
မောင်နားခိုဖို့ 
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက 
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ 
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင် 
ညှိုးနွမ်းနေလဲ 
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး 
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ 
သုညတစ်လုံး ထပ်တိုးပေးရင်း 
အဆုံးနိဂုံး ချုပ်ပါရစေ။ 

  လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/ 
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/ 
(လွမ်းဆုလေး)