မောင့်အတွက်ဆိုရင် ..

ရင်ထဲနွမ်းကြေ
လန်းမနေသော်လည်း
မောင်နားခိုဖို့
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင်
ညှိုးနွမ်းနေလဲ
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ
သုညတစ်လုံး ထပ်တိုးပေးရင်း
အဆုံးနိဂုံး ချုပ်ပါရစေ။

  လွမ်းဆုလေး



Photo: ရင်ထဲနွမ်းကြေ 
လန်းမနေသော်လည်း
မောင်နားခိုဖို့ 
အရိပ်လေးတော့ ဖြစ်ပါရစေ။

နှလုံးကန္တာရဆီက 
ပူလောင်မှုကို ဥပက္ခာထား
မောင်သွားမယ့်ခရီးမှာ 
လမ်းကလေးတော့ ဖြစ်ပါရစေ။

ဟန်မဆောင်နိုင် 
ညှိုးနွမ်းနေလဲ 
မောင်အားမငယ်စေဖို့
အပြုံးတစ်ခုတော့ ပေးနိုင်ပါရစေ။

ဘ၀တစ်ခုလုံး 
ဒုန်းဒုန်းကျလဲ
အစထဲက သုညပဲမို့
တန်ဖိုးရှိသူ မောင့်နောက်ဆီမှာ 
သုညတစ်လုံး ထပ်တိုးပေးရင်း 
အဆုံးနိဂုံး ချုပ်ပါရစေ။ 

  လွမ်းဆုလေး 

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/ 
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/ 
(လွမ်းဆုလေး)

No comments:

Post a Comment