ချစ်သူသိပါစေ


ချစ်သူ ..
မင်းရဲ့ အချစ်ဆုံးလူ နဲ့ သံယောဇဉ် အရှိဆုံးလူထဲက
တစ်ခုကို ရွေးချယ်ပါဆိုရင်

ကျွန်မ ....
သံယောဇဉ် အရှိဆုံးလူပဲ ဖြစ်ချင်ပါတယ်...

အချစ်ဆုံးလူက အမုန်းဆုံးလူ ဖြစ်သွားရင် မေ့နိုင်ပေမယ့်
သံယောဇဉ်အရှိဆုံးလူကိုတော့ မမေ့ဘူး ဆိုတာ သိနေလို့ပါ။

ချစ်သူ ..
မင်းရဲ့ အသာစံရမယ့်လူနဲ့ အနာခံရမယ့်လူထဲက
တစ်ခုကို ရွေးချယ်ပါဆိုရင်

ကျွန်မ ..
အနာခံရမယ့်လူပဲ ဖြစ်ချင်ပါတယ် ..

အသာစံရမယ့်လူကို တစ်ချိန်မှာ မေ့သွားနိုင်ပေမယ့်
အနာခံတဲ့လူကိုတော့ ဘယ်တော့မှ မမေ့ဘူး ဘူဆိုတာ ယုံကြည်လို့ပါ။

လွမ်းဆုလေး


Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/

No comments:

Post a Comment