အဖြည့်ခံ နှလုံးသား

မကြင်နာလို့ မဟုတ်ပါမောင်

ရိုင်းစိုင်းတဲ့ ကံကြမ္မာကြောင့်

ဒီရင်မှာ အရိုးခိုက်အောင်

နှလုံးသားမှာ ဒဏ်ရာရခဲ့ပေမယ့်

မောင့်ဘ၀အတွက် နှလုံးသားကို

အားလုံးပေးဆပ်ခဲ့ရသူပါ။

စွန့်လွှတ်ရသူ ဒီရင်မှာ

အချစ်ဒဏ်ကြောင့်

ငိုနေမိတဲ့ ရှိုက်သံတွေကို

မောင် ဘယ်လိုကြားနိုင်မှာလဲ...

မေတို့တည်ဆောက်ခဲ့ကြတဲ့

ချစ်ကမ္ဘာလေး

အစိတ်စိတ်အမွှာမွှာ ကြေမွပျက်သုန်းသွားတော့

မြေမှာခတဲ့ ပန်းကြွေလို

နွမ်းနယ်နေတဲ့ မေ့နှလုံးသားကို

စာနာလှည့်ပါမောင်... ။

မှတ်ချက်။ ။ အမတစ်ယောက်ရဲ့ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့ရတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတယ်ဆိုတာ မသိပေမယ့် ဒီကဗျာလေးကို နှစ်သက်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လွမ်းဆုလေး

No comments:

Post a Comment