မရိုးသားမှု


မင်းနဲ့ငါက အဝေးကြီးဝေးတဲ့သူတွေထက်
အတိုင်းမဆမရှိတဲ့ ဝေးခြင်းနဲ့ ဝေးနေကြရတယ်။

ငါ့ကို လိမ်ညာခဲ့တာလားလို့ ငါ မမေးရက်ပေမယ့်
မုသားဖြူဖြူလေးနဲ့ ငါ့နှလုံးသားကို ဆွဲနုတ်ခဲ့တာတော့
မင်းနဲ့ငါသာ သိကြတဲ့အရာလေ။

မင်း အချစ်တွေကို ဟန်ဆောင်ဖုံးကွယ်ထားတာပါလို့
ငါ မပြောလိုပါဘူး ....
ဒါပေမယ့် မင်း မရိုးသားခဲ့ဘူး ....

လွမ်းဆုလေး

No comments:

Post a Comment