ဘ၀တန်ဖိုး


ချစ်သူရေ....
မပီပြင်ဝိုးတ၀ါးမြင်နေရတဲ့
ဟိုးအဝေးက မြင်မဆုံးတဲ့ တောတန်းကို
အဓိပ္ပာယ်မဲ့စွာ ငါ ငေးကြည့်နေခဲ့တယ်။

ဘ၀ဆိုတာ ရှုပ်ထွေးတတ်မှန်း
ကြိုတင်မသိခဲ့လေတော့
လမ်းမှားခဲ့တဲ့ မုဆိုးပမာ
ဝင်္ကပါအထပ်ထပ်ကြားမှာ ရူးသွပ်လုပေါ့။

အချိန်ခါမဟုတ်ရွာသွန်းလာတဲ့
မိုးရေစက်တွေက
ငါ့မျက်နှာ ပါးပြင်ထက်မှာ
တရွေ့ရွေ့ ကျဆင်းနေလို့
လက်တစ်စုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်နိုင်ဖို့
ကြိုးစားမိတယ်...

ပင်မြင့်ပေါ်စံတဲ့ သဇင်ပန်းက
မြေပေါ်က ပန်းခရေလို
ဘ၀တန်ဖိုး နားလည်မှာမဟုတ်တော့
လောကကြီးဆိုတာကိုလဲ
အူကြောင်ကြောင်ငေးကြည့်နေဆဲပေါ့။

No comments:

Post a Comment